Part 61

532 51 0
                                    


အခန်း(၆၁)-ကတ်ဂိမ်း

ကျော့ရှောင်ချင်း၏ စကားက စူးမြောင်အာကို ဝမ်းနည်းဖွယ်၊ ခါးသီးဖွယ်ကောင်းသော ရသနှစ်မျိုးကို ချက်ချင်း ခံစားသွားရစေသည်။ သူမအနေနှင့် ကျော့ရှောင်ချင်းကို ခေါင်းညိတ်ပြရုံသာတတ်နိုင်ခဲ့သည်။

"အင်း မပြောပါဘူး..ရှောင်ချင်း နားလိုက်ပါအုံး"

"အစ်မမြောင်မြောင် ညီမတစ်ယောက်ထဲ ဆေးရုံမှာ မနေချင်ဘူး..."

ကျော့ရှောင်ချင်းက ခေါင်းငိုက်စိုက်ချပြီး ခြင်တစ်ကောင်ကဲ့သို့ တိုးညှင်းစွာ အသံပြုသည်။ စူးမြောင်အာ တစ်စုံတစ်ခုကို ရုတ်တရက် နားလည်သွားသည်။ကျော့ရှောင်ချင်းတွင် သူမကို အဖော်ပြုပေးမည့် ဆွေမျိုးသားချင်းမရှိသည့်အတွက် ဆေးရုံတွင် တစ်ဦးတည်းနေရခြင်းက အထီးကျန်ဆန်ပြီး အားငယ်စရာကောင်းလှသည်။ ထို့အပြင် စံအိမ်သို့ ပြန်ချင်ပုံလည်းမရပေ။

"ဒါဆိုရင် အစ်မနဲ့လိုက်ခဲ့လေ..ကျောင်းနားမှာ အိမ်ငှားထားတာရှိတယ်..အစ်မတစ်ယောက်ထဲ နေတာဆိုတော့ ရှောင်ချင်း လိုက်ခဲ့ပါလား"

"ဟုတ် ကျေးဇူးတင်ပါတယ် မြောင်မြောင်"

ကျော့ရှောင်ချင်းက သူမကို ကျေးဇူးတင်သော အကြည့်မျိုးဖြင့် ချက်ချင်း ခေါင်းမော့ကြည့်သည်။ တစ်ချိန်တည်းမှာပင် တစ်စုံတစ်ဦးက အလိုမကျစွာ စိုက်ကြည့်နေသကဲ့သို့ ကျောအနောက်ဘက်မှ ကြက်သီးထဖွယ်ရာ ခံစားချက်တစ်မျိုးကို ရုတ်ချည်း ခံစားလိုက်ရသည်။ ထိုအကြည့်ပိုင်ရှင်သည် ရုံချီမှလွဲ၍ အခြားမဖြစ်နိုင်ချေ။ ရုံချီက သူနှင့် စူးမြောင်အာတို့၏ ပိုင်နက်အတွင်းသို့ အပြင်သူစိမ်းဝင်လာခြင်းကိုသဘောတွေ့ပုံမရချေ။ သို့သော် စူးမြောင်အာ၏ ဆုံးဖြတ်ချက်ဖြစ်သည့်အတွက် အထူးတလည် ကန့်ကွက်ခြင်းမပြုခဲ့ပေ။ ထိုအစားသူတစ်ဦးတည်း မကျေမချမ်း ရေရွတ်နေသည်။

"ဘာဖြစ်လို့ တစ်ယောက်ထဲနေတယ်လို့ ပြောရတာ လဲ..ငါရှိနေတာအသိသာကြီးကို..."

"လိမ်လိမ်မာမာနေ"

"အိမ်ရောက်ရင် ကတ်ဂိမ်းကစားနည်းသင်ပေးမယ်"

တစ္ဆေသတို့သားWhere stories live. Discover now