Part 79

548 33 0
                                    


အခန်း(၇၉)-ကျော့မိသားစုမှထွက်ခွာခြင်း

"အင်း ဟုတ်တယ်..နောက်ဆိုရင် အန်တီရော ချင်းရွှမ်းရော ဒီစံအိမ်ကြီးကို ဘယ်တော့မှ ပြန်လာတော့မှာမဟုတ်ဘူး..မင်းတို့ လုပ်စရာရှိတာကို ဆက်လုပ်ကြပါ"

လင်းမေ့က သူတို့အားလုံးကို နှုတ်ဆက်ပြီး ကားထဲသို့ ဝင်သွားသည်။ ရုံချီနှင့် ကျော့ချင်းယွင်တို့ သဘောတူညီမှုယူခဲ့သည့် ဆယ်ရက်အတွင်း ကျော့မိသားစု၏ သားအကြီးဖြစ်သော ကျော့ချင်းရွှမ်းနှင့် ဇနီးသည်လင်းမေ့တို့က နိုင်ငံခြားတွင် ဆေးကုသမည်ဟု အကြောင်းပြချက်ပေးကာ ကျော့မိသားစုမှ ထွက်သွားရန် ဆုံးဖြတ်ခဲ့ကြသည်။

စူးမြောင်အာသည် တစ်ခါမှ မမြင်ဖူးသော ကျော့ချင်းရွှမ်းနှင့် တစ်ကြိမ်မျှသာ မြင်ဖူးသော လင်းမေ့တို့အတွက် အထူးတလည် မခံစားရချေ။ သူတို့နှစ်ဦး ယခုလို အဆုံးသတ်မျိုး ရွေးချယ်သွားခြင်းကို မှားယွင်းသည်ဟုလည်း မဆိုသာပေ။ ဤတစ်ကြိမ်တွင် အစီအစဥ်သာ လွဲချော်သွားပါက မည်သည့်ကျော့မိသားစုဝင် အသက်ဆုံးရှုံးရနိုင်ကြောင်းကို စူးမြောင်အာ မတွေးဘဲ မနေနိုင်တော့ချေ။ တစ်ချိန်တည်းမှာပင် သူတို့အားလုံး ဧည့်ခန်းထဲသို့ ဝင်လာခဲ့ကြသည်။ ကျော့ချင်းယွင်သည် ခန္ဓာကိုယ်အစစ်ဖြင့် ပြန်ရောက်လာသော ရုံချီကို ကြည့်ပြီး အချိန်အတန်ကြာ တိတ်ဆိတ်သွားသည်။ ကျော့မိသားစု၏ အရှိန်အဝါအရ ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲမှ ထူးဆန်းထွေလာ အဖြစ်အပျက်ဟာ ရုံချီ၏ လက်ချက်ဖြစ်ကြောင်း သိပြီးသားဖြစ်သော်လည်း တစ်ခွန်းမျှ မဟခဲ့ချေ။

ကျော့မိသားစု၏ ဖုန်းရွှေချိပ်စည်းနှင့် ဆက်နွယ်နေသည့် ကံကြမ္မာဟာ ရုံချီ၏ လက်ထဲတွင်သာ ရှိနေသေးသည်။ ရုံချီကိုသာ ကလန်ကဆန်လုပ်မိပါက သူတို့မိသားစု၏ ကံကြမ္မာလည်း ဗြောင်းဆန်သွားနိုင်ကြောင်း ကောင်းစွာ နားလည်ပုံရသည်။

"မသွားခင်မှာ ကျော့လူကြီးမင်းကို တောင်းဆိုစရာတစ်ခုရှိတယ်"

ရုံချီက ရုတ်တရက် ပြောသည်။

ကျော့ချင်းယွင်က အမှုမထားဘဲ ပေါ့ပေါ့ပါးပါး တုံ့ပြန်သည်။

တစ္ဆေသတို့သားWhere stories live. Discover now