Part 59

627 47 0
                                    


အခန်း(၅၉)- ညှိနှိုင်းမှု

"စိတ်မလှုပ်ရှားပါနဲ့ ဒီနည်းလမ်းကအရမ်းရိုးရှင်း တယ်..ကျော့မိသားစုရဲ့ ကံကြမ္မာကို ပြောင်းလဲဖို့ဆိုရင် ကျော့ရှောင်ချင်းကို အသုံးချတာထက် ပိုကောင်းတဲ့ နည်းလမ်းကို ရှာတွေ့ထားတယ်..အဲ့ဒီနည်းလမ်းကအသက်အန္တရာယ်မရှိတဲ့အပြင် ဖုန်းရွှေအဖွဲ့အစည်းရဲ့ တားမြစ်နည်းလမ်းကို သုံးမယ်ဆိုရင်တောင်မှ အပြည့်အဝ သုံးစရာမလိုတော့ဘူး..အပေါ်ယံ နည်းနည်းပါးပါး သုံးလိုက်ရုံပဲ"

ရုံချီက ရှင်းပြသည်။

"ခိုကပ်ဖို့ စဥ်းစားနေတယ်ဆိုရင်တော့ ဒီနေရာမှာတင် လက်လျော့ဖို့ အကြံပေးချင်တယ်..အန္တရာယ်ရှိရှိမရှိရှိ ဒါ မင်းတို့ ဖုန်းရွှေဆရာတွေရဲ့ အလုပ်ပဲ"

ကျော့ချင်းယွင်က ရုံချီကို စိုက်ကြည့်ပြီး ပြောသည်။

စူးမြောင်အာသည် ကျော့ချင်းယွင်ကို မျက်လုံးအပြူးသားဖြင့် ကြည့်နေရုံသာတတ်နိုင်ခဲ့သည်။ ကျော့မိသားစု၏ အမြင်တွင် ရုံချီကို အလိုရှိရာ အသုံးချနိုင်သော နယ်ရုပ်တစ်ရုပ်အဖြစ် မှတ်ယူထားသည့်အပြင် သူတို့၏ မိသားအတွက်ကံကြမ္မာပြောင်းလဲပေးရန် ဘိုးစဥ်ဘောင်ဆက် သမိုင်းပေးတာဝန်တစ်ခုလို တစ်ဖက်စောင်းနင်းပြောနေခြင်းဖြစ်သည်။ ကျော့မိသားစုသည် ရုံချီအပေါ် တာဝန်အားလုံး ပုံချထားပြီး ဖြစ်လာသမျှ နောက်ဆက်တွဲ အကျိုးဆက်များဟာ သူတို့နှင့် ဘာမျှမဆိုင်၊ရုံချီသာလျှင် ဖြေရှင်းပေးရမည်ဟု မှတ်ယူထားကြသည်။

"အဟား..."

တစ်လျှောက်လုံး အသံမထွက်ဘဲ ငြိမ်ပြီး နားထောင်နေသော ယဲ့ချွင်က ရုတ်တရက် ရယ်မောလာသည်။

"အန်ကယ်ကျော့ အန်ကယ်က သူငယ်နှပ်စား သုံးနှစ်ကလေးလည်းမဟုတ်ဘူးလေ..အချောင်ရတယ်ဆိုတာ ဘာမှမရှိဘူး..ပြီးတော့ ဒီဖုန်းရွှေဆရာက အန်ကယ်တို့ကျော့မိသားစုအတွက် ရာစုနှစ်တစ်စုကြာအောင် အလုပ်လုပ်လာပေးခဲ့တာ..သူ့လိုလူမျိုးက အန်ကယ့်အပေါ် ဒီကိစ္စနဲ့မှ ခိုကပ်နေစရာလား..ကျွန်တော့်လို ဖုန်းရွှေပညာကို ဘာမှနားမလည်တဲ့လူတောင် သူပြောချင်တဲ့ အဓိပ္ပါယ်ကို အနည်းအကျဥ်း သဘောပေါက်တယ်..အန်ကယ့်ရှေ့မှာ ထိုင်နေတဲ့သူက လွန်ခဲ့တဲ့ ရာစုနှစ်တွေထဲက ဖွဲ့စည်းခဲ့တဲ့ ဖုန်းရွှေအဖွဲ့အစည်းက ဖုန်းရွှေဆရာစစ်စစ်ပဲ..ကျွန်တော် အန်ကယ့်ကို အတွေးမမှားဖို့ အကြံပေးချင်တယ်"

တစ္ဆေသတို့သားWhere stories live. Discover now