အပိုင်း(၇)-အမှိုက်ကောင်
"ဘာတွေလာပြောနေတာလဲ သူအရင် ရန်လာစတာလေ... ကိုယ့်ရည်းစားကိုလည်း ပြောထားအုံး သူများကိစ္စကိုပဲ လိုက်စိတ်ဝင်စားမနေနဲ့ ကိုယ့်ကိစ္စကိုယ် ခေါင်းထဲထည့်ထားလို့"
"ထင်းထင်းက စိတ်ထဲရှိတဲ့အတိုင်း ပြောတတ်လို့ပါ စိတ်မရှိပါနဲ့"
"သြော် ဒါဆိုရင် နင့်ရဲ့ လက်ရှိရည်းစားက ပွင့်လင်းဖော်ရွေပြီး ငါကတော့ အကြောင်းမဲ့သက်သက် လိုက်ရိုင်းနေတာပေါ့"
စူးမြောင်အာသည် သူမ၏ အရှေ့တွင် ရပ်နေသော ယောကျာ်းကို ကြည့်ပြီး တစ်ချိန်က သူမ အကြီးအကျယ် လူရွေးမှားခဲ့ကြောင်း ရုတ်တရက် သဘောပေါက်သွားရသည်။
"မြောင်အာ ငါ အဲ့ဒီသဘောနဲ့ ပြောတာမဟုတ်ဘူးဆိုတာကို မင်းသိပါတယ်"
သုယွီ၏ မျက်နှာတွင် ရှက်ရွံ့သော အရိပ်အယောင်များ ပေါ်လာသည်။
"သုယွီ ရှင် သူ့ကို အဖတ်လုပ်ပြီး ပြောမနေနဲ့တော့"
ချွေ့ထင်းထင်းက သူမ၏ ကြည့်ကောင်းသော ရုပ်ရည်နှင့်မှမလိုက် စူးမြောင်အာကို မသတီကြည့်ကြည့်ပြီး ခနဲ့လေသည်။
"စူးမြောင်အာ နင် ငါတို့ကို တော်တော် မနာလိုဖြစ်နေတာပဲ... သုယွီက နင့်ကို ထားပြီး ငါ့ကို ရွေးသွားတာကိုအခုထိ လက်မခံနိုင်သေးဘူးလား... ဒီမှာ ငါနင့်ကို ရှင်းရှင်းပဲ ပြောလိုက်မယ် သုယွီနဲ့ နင်နဲ့က အဆင့်အတန်းချင်းမတူဘူး ... ဒါကို နင်အခုထိ သဘောမပေါက်သေးဘူးလား ... ဘာဖြစ်လို့ သူ့ကို အလွတ်မပေးနိုင်ဖြစ်နေရတာလဲ... နင့်အသက် ငယ်ငယ်လေးလေးပဲရှိသေးတာ နောက်ရည်းစားတစ်ယောက်ထပ်ရှာပေါ့... ရှာမတွေ့ရင်ငါ နင့်အတွက် ပိုက်ဆံရှိတဲ့ကောင်တစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်... နင်က ချူစားတဲ့နေရာမှာတော့ကျွမ်းတယ်မဟုတ်လား"
စူးမြောင်အာသည် ချွေ့ထင်းထင်းလို မိန်းမမျိုးက ယခုလို အဆင့်နိမ့်ကျလွန်းသည့် စကားမျိုးကို ပြောထွက်လိမ့်မည်ဟု မထင်ထားမိချေ။ သူမ ချွေ့ထင်းထင်းကို ပြန်ပြောခါနီးတွင် သုယွီက သူမကို အားနာသော အကြည့်မျိုးဖြင့် ကြည့်ပြီး ချွေ့ထင်းထင်းကို ခပ်မြန်မြန် ခေါ်ထုတ်သွားတော့သည်။
YOU ARE READING
တစ္ဆေသတို့သား
Horrorဘာသာပြန်သူ - စွဲညို့အသင်း စူးမြောင်အာက အပနှင်သူတစ်ဦး ဖြစ်ပြီးတော့ မတော်တဆ ကျောက်စိမ်းလည်ဆွဲလေးကို ဝတ်ဆင်မိရာကနေ တစ္ဆေတစ်ကောင်က သူ့နောက်ကို တကောက်ကောက် လိုက်ပြီး ဖလစ်ခြင်းကို ခံရမှာ ဖြစ်ပါတယ်