Part 6

1.5K 130 2
                                    

အပိုင်း (၆)-လမ်းသရဲတစ္ဆေ

စူးမြောင်အာသည် သူမကို ပူညံပူညံလုပ်နေသော ရုံချီကို ကြည့်လေလေ ဒေါသထွက်လာရလေလေပင်။

"ရှင် ကျွန်မကို ဆူမနေနဲ့တော့... ရှင် ပြောတဲ့အတိုင်းလုပ်ဖို့ဆိုတာက ပါးစပ်နဲ့ ပြောရင်သာ လွယ်တာ လက်တွေ့ကျတော့ အဲ့ဒီလောက် လွယ်မနေဘူး... ဘယ်သူမဆို ကောင်းတဲ့ ပစ္စည်းကိုပဲ သုံးချင်ပြီး အရသာရှိတဲ့ အစားအသောက်ကိုပဲ စားချင်ကြတာလေ... ဒါပေမဲ့ အဲ့ဒီပိုက်ဆံဆိုတာကြီးက သစ်ပင်ပေါ်ကနေ ကြွေကျလာတာမျိုးမှ မဟုတ်တာ... ရှင့်လို လူပေါ်ကြော့ သခင်လေး တစ်ယောက်ကတော့ ဒါမျိုးတွေကို ဘယ်နားလည်မှာလဲ... ရှင် ကျွန်မကို ယွမ်ငါးထောင် အကြွေးတင်နေတဲ့အပြင် ဒီအခန်းခပါ ပြန်ပေးရမှာနော်... မမေ့နဲ့"

"ကပ်စေးကုပ်လိုက်တာကွာ... စိတ်ချပါ ကိုယ်ကတိမဖျက်ပါဘူး... အခု မင်း အဲ့ဒီမုန့်ကို ဆက်မစားနဲ့တော့ ကိုယ်မင်းကို အဲ့ဒီထက် ပိုကောင်းတာ လိုက်ကျွေးမယ်"

ရုံချီက ငွေကြေးပြည့်စုံသော သခင်လေးတစ်ဦးကဲ့သို့ ကိန်းကြီးခန်းကြီးနိုင်စွာ ပြောပြီး ပေါ့ပေါ့ပါးပါး မတ်တပ်ထရပ်လိုက်သည်။ စူးမြောင်အာကမူ ရုံချီကို အယုံအကြည် မရှိသော မျက်လုံးဖြင့် ခေါင်းအစ ခြေအဆုံး ခြုံကြည့်လိုက်သည်။

"ရှင်က ကျွန်မကို ကျွေးမလို့"

"ရှင့်မှာ ပိုက်ဆံရောရှိလို့လား"

"ကိုယ့်မှာ အကြံရှိပါတယ်... ပြီးတော့ မင်းက ကိုယ့်အနောက်ကို လိုက်ဖို့ ဆုံးဖြတ်ထားတာဆိုတော့ ကိုယ် မင်းကို ပေါ့ပေါ့တန်တန် မဆက်ဆံပါဘူး... နောက်ကျ ကိုယ် ပိုက်ဆံတွေ အများကြီး ရလာတဲ့အချိန်ကျရင် မင်းကိုပဲ ထောက်ပံ့ပေးမယ်"

ဖြစ်နိုင်သည်မှာ ရုံချီသည် ကံဆိုးစွာဖြင့် တစ္ဆေဘဝတွင်သာ ကျင်လည်နေရသေးသော်လည်း မသေခင်က အကယ်စင်စစ်ကို ရွှေဇွန်းကိုက် မွေးလာသော သခင်လေးတစ်ဦး ဖြစ်ခဲ့ပုံရသည်။

စူးမြောင်အာသည် ရုံချီ၏ 'မင်းကိုပဲထောက်ပံ့ပေးမယ်'ဟူသော စကားကြောင့် အတန်ငယ် စိတ်ကျေနပ်မိသွားသော်လည်း 'မင်းက ကိုယ့်နောက်ကို လိုက်ဖို့ ဆုံးဖြတ်ထားတာ' ဟူသော စကားကြောင့် သုန်မှုန်သွားရပြန်သည်။

တစ္ဆေသတို့သားWhere stories live. Discover now