အခန်း(၁၇)-ကိုယ်မင်းကိုယုံတယ်
စူးမြောင်အာသည် ရုံချီအတွက် ပုတီးစေ့ကူရှာပေးမည်ဟု ကတိပေးထားခြင်းကြောင့် အပြန်အလှန်အားဖြင့် ပိုက်ဆံပြန်တောင်းခဲ့ခြင်းသာဖြစ်သည်။ ကျော့မိသားစုက သူမကို ငွေကြေးအမြောက်အမြားဖြင့် ကမ်းလှမ်းလာလျှင်တောင်မှ သူမအနေနှင့် ရုံချီကိုလုံးဝ သစ္စာဖောက်မည်မဟုတ်ပေ။
ရုံချီက သူမကို လှည့်ကြည့်ရုံမျှသာ ကြည့်ပြီးဘာတစ်ခွန်းမှ ပြန်မဖြေလာချေ။
ထို့နောက် နှစ်ဦးသား ကျော့မိသားစုအကြောင်းကို အနည်းအကျဥ်း စုံစမ်းခဲ့သည်။ ထိုမှတဆင့် ရှာရလွယ်သော ဆင်ခြေဖုံးရပ်ကွက်တစ်ခုတွင် ကျော့မိသားစုပိုင်ဆိုင်သော အိမ်ကြီးအိမ်ကောင်းတစ်လုံးရှိကြောင်း သိခဲ့ရသည်။
ဤတစ်ကြိမ်တွင် ရုံချီတစ်ယောက် ကျော့မိသားစု၏ အိမ်ထဲသို့ တစ္ဆေစွမ်းအားသုံးပြီး ခိုးကြောင်ခိုးဝှက် ဝင်လေ့လာရန် ဆုံးဖြတ်ထားသည်။"ကျွန်မ ရှင့်ကို အပြင်မှာ စောင့်နေမယ်လေ"ရုံချီက ခေါင်းခါပြသည်။
"ကိုယ့်ကို မစောင့်နဲ့ မင်းပြန်နှင့်လိုက်ပါ... ကိုယ် ဒီအတိုင်း ကြုံရာကားတစ်စီးနဲ့ လိုက်သွားလိုက်မယ်... ကိုယ်ပါလာတယ်ဆိုတာကို ဘယ်သူမှသိကြမှာမဟုတ်ပါဘူး"
အံမယ် တစ်ချိန်လုံး ငါ့အနောက် တကောက်ကောက်လိုက်နေပြီးတော့ အခုကျမှ ငါ့ကို အရင်ပြန်ခိုင်းနေတာလား?
စူးမြောင်အာ နှုတ်ခမ်းစူပြီး တစ်စုံတစ်ခု ပြန်ပြောခါနီးတွင် တက္ကစီပေါ်မှ အရင်ဆင်းနှင့်ပြီးသားဖြစ်သော ရုံချီက ရုတ်တရက် အနောက်ပြန်လှည့်လာပြီး သူမ၏ ပါးကို ရွှတ်ခနဲ နမ်းရှိုက်သွားသည်။
"မြောင်မြောင်ရေ ကျေးဇူးပဲနော်... ကိုယ် မင်းကို ယုံတယ်"
စကားဆုံးသည်နှင့် ရုံချီက အဝေးသို့ လျင်မြန်စွာ ထွက်ခွာသွားတော့သည်။ စူးမြောင်အာသည် ရုံချီ နမ်းသွားသော ပါးတစ်ဖက်ကို လက်ဖြင့် အုပ်ကိုင်ရင်း ကြောင်ကြည့်နေမိဆဲပင်။ သို့သော် ရုံချီ သူမကို ပထမဆုံးအကြိမ် နမ်းရှိုက်စဥ်တုန်းကကဲ့သို့ အကြီးအကျယ် ဒေါသထွက်မနေပေ။
YOU ARE READING
တစ္ဆေသတို့သား
Horrorဘာသာပြန်သူ - စွဲညို့အသင်း စူးမြောင်အာက အပနှင်သူတစ်ဦး ဖြစ်ပြီးတော့ မတော်တဆ ကျောက်စိမ်းလည်ဆွဲလေးကို ဝတ်ဆင်မိရာကနေ တစ္ဆေတစ်ကောင်က သူ့နောက်ကို တကောက်ကောက် လိုက်ပြီး ဖလစ်ခြင်းကို ခံရမှာ ဖြစ်ပါတယ်