Part 96

313 29 0
                                    


အခန်း(၉၆)-အလောင်းဖော်ခြင်း

"ရုံချီ ရှင်က တကယ်တော်တာပဲ"

ကျော့ရှောင်ယွဲ့က ရုံချီကို သဘောကျသော မျက်လုံးများဖြင့် ရွှန်းစိုတောက်ပစွာ ကြည့်ပြီး ပြောသည်။

"ခဏနားပြီးရင် ခရီးဆက်ကြမယ်..ပစ္စည်းပျောက်တာရှိကြသေးလား"

"မရှိပါဘူး"

ဤသို့ဖြင့် ရောက်နေသော နေရာတွင်သာ စခန်းချပြီး ခေတ္တအနားယူနေကြသော်လည်း မူလက စကားပြောပြောဆိုဆိုရှိသေးသော လူအုပ်ကြီးဟာ ကိုယ်အတွေးနှင့်ကိုယ် သောကများနေသကဲ့သို့ အသံလုံးဝမထွက်ဘဲ ငြိမ်နေကြသည်။ ယဲ့ချွင်က စီးကရက် တစ်လိပ်ပြီး တစ်လိပ် သောက်နေလျက်ရှိသည်။ ကျော့ရှောင်ယွဲ့က ရုံချီကို မသိမသာတစ်မျိုး သိသိသာသာတစ်မျိုး ခိုးကြည့်နေပြီး အငယ်ဆုံးဖြစ်သော ကျော့ရှောင်ချင်းကမူ စူးမြောင်အာ၏ လက်မောင်းကို ဖက်တွယ်ပြီး မျက်စိစုံမှိတ်ထားသည်။ ထိုနည်းတူစွာပင် ချင်ဖုန်းလည်း ဘယ်ကိုမှ မကြည့်ရဲဘဲ ခေါင်းငုံ့ထားသည်။ကျော့ရှောင်တုန်းက သက်ပြင်းတချချနှင့် စိတ်မရှည်ဖြစ်နေပြီး ယဲ့ချွင်နှင့်အတူ စီးကရက်သောက်နေသည်။

သူတို့အားလုံးထဲတွင် သောကအများဆုံးဖြစ်နေသူကား ကျော့ချင်းယွင်ဖြစ်သည်။ သူက သမီးဖြစ်သူကျော့ရှောင်ယွဲ့နှင့် ချွေးမဖြစ်သူ ချင်ဖုန်းတို့ကို တစ်လှည့်စီ ကြည့်နေသည်။ ဆယ်မိနစ်ခန့် အနားယူပြီးနောက် စုန့်ရှစ်၏ အလောင်းရှိရာသို့ လူတိုင်း ဆက်လျှောက်လာကြသည်။ ရုံချီသည် လွန်ခဲ့သော အနှစ်တစ်ရာခန့်က စုန့်ရှစ်ကို ထိန်းချုပ်ပြီး မြှုပ်နှံခဲ့သူပီပီလမ်းမှားရွေးမိခြင်းမရှိဘဲ ဦးတည်ရာသို့ တည့်တည့်မတ်မတ် လမ်းပြနိုင်ခဲ့သည်။ ဆယ်မိနစ်ခန့်အကြာတွင် ဖုန်ထူထပ်သော တောင်ကုန်းတစ်ခုကို လှမ်းမြင်လိုက်ရသည်။

နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသော ဥတုအလီလီ ပြောင်းလဲမှုကြောင့် တောင်ကုန်းပေါ်တွင် ဆူးပင်များ ချုံနွယ်များဖြင့် ထူထပ်နေသည်။ ထို့ကြောင့် တစ်ဖွဲ့လုံး ပထမဆုံး လုပ်ရမည့်တာဝန်ဟာ ဆူးပင်ရှင်းရမည့်တာဝန်ဖြစ်လာခဲ့သည်။ ဂေါ်ပြားဖြင့် ရှင်းလင်းပြီးနောက် ရုံချီက ကောင်းကင်ပေါ်မှကြယ်တာရာများကို မော့ကြည့်ပြီး တစ်စုံတစ်ခုကို တွက်ချက်နေသည်။ အတန်ငယ်ကြာမှ သူက မြေကြီးတစ်နေရာကို လက်ညှိုးထိုးပြပြီး ပြောသည်။

တစ္ဆေသတို့သားWhere stories live. Discover now