အပိုင်း (၂) -ဝိညာဉ်ခေါ်ပွဲ
ဒါတင်မကသေးဘူး... ကျွန်မနဲ့ အခုထိ ဘာမှန်းမသိရသေးတဲ့ တစ္ဆေဆီမှာ ဘာရန်ငြှိုးမှ မရှိဘူးလေ အဲဒါကြောင့် နည်းနည်းတော့ ညှိညှိနှိုင်းနှိုင်းလေး ပြောကြည့်လို့ရမယ်ထင်တာပဲ။
နှစ်မိနစ်ခန့်အကြာတွင် စူးမြောင်အာ၏ ခန္ဓာကိုယ်ကိုဖိထားရင်း လည်ပင်းကို လျှာဖြင့် လျက်နေသည့် ဝိညာဉ်က တိုးညှင်းစွာ ရယ်မောလာသည်။ ထိုရယ်သံသည် ယောကျာ်းတစ်ယောက်၏ အေးတိအေးစက်ရယ်သံဖြစ်ပြီး ကြားရသူအဖို့ အလွန် ထူးဆန်းသောခံစားချက်တစ်မျိုးကို ပေးစွမ်းနိုင်သည်။ အတိုချုံ့ဆိုရသော် ထိုအသံကို ဆွဲဆောင်မှုရှိပြီး နားထောင်ရ အဆင်ပြေသည့် အသံဟု ကောက်ချက်ချရပေမည်။
သို့သော် စူးမြောင်အာသည် လှုပ်မရ ပြုမရဖြစ်နေသည့်အချိန်တွင်တောင်မှ အမျိုးသားတစ္ဆေတစ်ကောင်၏ အသံကို အသေးစိတ် လိုက်နားထောင်နေမိသည့်မိမိကိုယ်ကို ပါးသာ ရိုက်လိုက်ချင်မိတော့သည်။
"လခြမ်းကျောက်စိမ်းဆွဲပြားကို ယူပြီး အနောက် တောင်ပိုင်းမှာ ကိုယ့်ကို လာရှာပါ... မင်း ကိုယ့်ကို ဘယ်လိုရှာရမလဲ သိပါတယ်... ကိုယ် မင်းကို စောင့် နေပါ့မယ်"
အမျိုးသားတစ္ဆေက စူးမြောင်အာ၏ နားရွက်အနားသို့ ကပ်ပြီး ညင်သာစွာ တီးတိုးရေရွတ်သွားသည်။ ထိုအသံပျောက်ကွယ်သွားသည်နှင့် ခန္ဓာကိုယ်ပေါ်မှ လေးပင်မှုများအားလုံး ပြေလျော့သွားလေသည်။ အစောပိုင်းတုန်းက အခန်းထဲသို့ ရောက်လာသော ဝိညာဉ်လည်း ထွက်သွားပြီဖြစ်ကြောင်း စူးမြောင်အာ ချက်ချင်း သဘောပေါက်သည်။
(လခြမ်းကျောက်စိမ်းဆွဲပြားကို ယူပြီး အနောက်တောင်ပိုင်းမှာ လာရှာပါတဲ့လား)
(နေ... နေပါအုံး... သူပြောသွားတာ ဘာတဲ့ ငါ သူ့ကိုဘယ်လိုရှာရမလဲဆိုတာကို သိတယ် ဟုတ်လား)
(ဒါဆိုရင် သူက ငါ့ကို သိနေပြီးသားပေါ့)
(ငါက အပနှင်သူတစ်ယောက်ဆိုတာကိုလေ)
အဘယ်ကြောင့်ဆိုသော် အပနှင်သူများကသာ တစ္ဆေ၊ သရဲနှင့် ဝိညာဉ်တို့ကို မြင်တွေ့နိုင်ခြင်းကြောင့် ဖြစ်သည်။
YOU ARE READING
တစ္ဆေသတို့သား
Horrorဘာသာပြန်သူ - စွဲညို့အသင်း စူးမြောင်အာက အပနှင်သူတစ်ဦး ဖြစ်ပြီးတော့ မတော်တဆ ကျောက်စိမ်းလည်ဆွဲလေးကို ဝတ်ဆင်မိရာကနေ တစ္ဆေတစ်ကောင်က သူ့နောက်ကို တကောက်ကောက် လိုက်ပြီး ဖလစ်ခြင်းကို ခံရမှာ ဖြစ်ပါတယ်