Part 71

468 41 1
                                    


အခန်း(၇၁)- မဆိုးရှာပါဘူး

ထိုအသံနှင့်အတူ ရုံချီက အခန်းပြင်သို့ပြန်ထွက်သွားသည်။ ဤတစ်ညအတွက် ပြဿနာပြေလည်သွားပြီအထင်နှင့် စူးမြောင်အာ သက်ပြင်းချခါနီးတွင် ရုံချီက ရေချိုးခန်းထဲသို့ ဘာမပြောညာမပြောဖြင့် ဝင်သွားသည်။ ခဏအကြာတွင် ရေပန်းမှ ထွက်လာသော ရေကျသံကို အတိုင်းသားကြားလိုက်ရသည်။

တကယ်ကြီးရေချိုးနေတာဟ!

စူးမြောင်အာ စောင်ဖယ်ပြီး လေကောင်းလေသန့်ခိုးရှုနေချိန်တွင် ရေချိုးခန်းထဲမှ ရေကျသံဟာ အစပိုင်းတုန်းကထက် ပိုကျယ်လောင်လာသည်။ ဤသို့ဖြင့် မိနစ်နှစ်ဆယ်ခန့်အကြာတွင် ရုံချီ ပြန်ထွက်လာသည်။ ရုံချီပြန်ထွက်လာသည်နှင့် စူးမြောင်အာက စောင်ကို ကမန်းကတန်း ပြန်ခြုံပြီး အိပ်ချင်ယောင်ဆောင်နေလိုက်သည်။ ထို့နောက် မီးဖိုခန်းထဲမှ အိုးခွက်ပန်းကန်းဆေးသံများ ထွက်လာသည်။

ဟမ်..ပန်းကန်သွားဆေးနေတာလား?

အိုးခွက်ပန်းကန်ဆေးပြီး ငါးမိနစ်ခန့်အကြာတွင် ရုံချီက သူမ၏ အိပ်ခန်းထဲသို့ ပြန်ရောက်လာပြန်သည်။ ရုံချီက စောင်ခေါင်းမြီးခြုံကာ အိပ်ချင်ယောင်ဆောင်နေသော စူးမြောင်အာကို ကြည့်ပြီး ကူကယ်ရာမဲ့စွာ ပြောသည်။

"မြောင်မြောင် မင်း ကိုယ့်ကို မကြည့်ချင်တော့ ဘူးလား"

"သွားအိပ်ပါတော့"

"ကိုယ်ရုပ်မဆိုးဘူးနော်"

"မနက်ကျမှပဲ"

"အခုမကြည့်ချင်တာသေချာလား"

"မကြည့်တော့ဘူး"

အသံတိတ်သွားခြင်းကြောင့် ရုံချီ ပြန်ထွက်သွားပြီအထင်နှင့် စူးမြောင်အာတစ်ယောက် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသော စောင်ကို ပြန်လွှတ်လိုက်သည်။ သို့သော် ရုံချီက ထိုအချိန်ကို အခွင့်အကောင်းယူပြီး သူမ၏ စောင်ကို ဆွဲလှန်လိုက်သည်။ ရုတ်တရက်ဆန်လွန်းသော အဖြစ်အပျက်ကြောင့် စူးမြောင်အာ လန့်ပြီး ဒေါသထောင်းခနဲထွက်သွားရသည်။

"ရုံချီ ရှင် ဒါဘာလုပ်တာလဲ!"

"မင်း ကိုယ့်ကို မကြည့်ချင်ပေမယ့် ကိုယ်ကတော့ မင်းကို ကြည့်ချင်သေးတယ်လေ"

တစ္ဆေသတို့သားWhere stories live. Discover now