Part 76

493 35 0
                                    


အခန်း(၇၆)-ချစ်သူ

ထို့နောက် အလှကုန်ပစ္စည်းအရောင်းဆိုင်သို့ ဆက်ဝင်ခဲ့ကြသည်။ ရုံချီက သူမအတွက် cosmetics setလိုက်ဝယ်ပေးပြီး ဆိုင်ထဲမှ မိတ်ကပ်ဆရာမကို အကူအညီတောင်းကာ အလှပြင်ခိုင်းသည်။ မျက်တောင်အတုတပ်၍ မိတ်ကပ်ပါးပါး လိမ်းခြယ်ပြီးနောက်လူတစ်ကိုယ်လုံး လန်းဆန်းသွားသလို ခံစားလိုက်ရသည်။ ထို့အပြင် ရုံချီကိုယ်တိုင် ရွေးပေးထားသော အနက်ရောင်ဒေါက်မြင့်ဖိနပ်ကိုပါ စီးထားရသေးသည်။

စူးမြောင်အာသည် မှန်ထဲတွင် မြင်နေသော ကိုယ့်ရုပ်ကိုယ်ကြည့်ပြီး ကြက်သေသေသွားရသည်။

ဘုရားရေ..မှန်ထဲမှာ မြင်နေရတဲ့ မိန်းမလှလေးကတကယ်ပဲ ငါလား။

မှန်ထဲတွင် ထင်ပေါ်နေသော ပုံရိပ်သည် ဂန္ထဝင်ဆန်ဆန် တင့်တယ်ပြီး တည်ငြိမ်ရင့်ကျက်သော အလှတရားမျိုးဖြစ်သည်။ ကုတ်အကျီအရှည်၊ဒေါက်ဖိနပ်အမြင့်၊ အဖျားတွင် ရေလှိုင်းသဏ္ဍာန် ခပ်ပြေပြေ ကောက်ထားသော ဆံပင်ပုံစံအသစ်၊ မိတ်ကပ်ပါးပါးဖြင့် လှသွေးကြွယ်နေပုံက မြင်သူတကာ လည်ပြန်မငေးဘဲမနေနိုင်လောက်ပင်။

ကမ္ဘာပေါ်တွင် ရုပ်ဆိုးသော အမျိုးသမီးမရှိ၊ အပျင်းကြီးသော အမျိုးသမီးများသာရှိသည်ဟု အများက ဆိုကြလေ့ရှိသည်။ သို့သော် စူးမြောင်အာသည် သူမက ငယ်ရွယ်ပျိုမျစ်သော မိန်းမပျိုတစ်ဦးဖြစ်သည့်အတွက် အလှအပကို အလေးထားစရာမလိုဟု ခေါင်းမာမာဖြင့် ယုံကြည်ခဲ့သည်။ အထူးသဖြင့် အလှအပအတွက်နှင့် ပိုက်ဆံအကုန်မခံလိုခြင်းကြောင့်ပင်။ ယခုမူ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ရခြင်း၏ အရသာကို သူမ ကောင်းစွာ နားလည်သွားချေပြီ။

"ကိုယ်ပြောသားပဲ..မင်းသာ ပြင်ပြင်ဆင်ဆင်နေလိုက်မယ်ဆိုရင် ချွေ့ထင်းထင်းတောင် ထိုင်ငိုသွားရလိမ့်မယ်လို့"

ရုံချီက နူးညံ့စွာ ပြုံးပြပြီး သူမ၏ နံဘေးတွင် ဝင်ရပ်သည်။ မှန်ပေါ်တွင် အရိပ်ထင်နေသော ပုံရိပ်သည် ရုပ်ရည်ခံ့ညားသော အမျိုးသားတစ်ဦးနှင့် ရင့်ကျက်တည်ငြိမ်မှုရှိသော အလှတရားမျိုးနှင့် အမျိုးသမီးတစ်ဦးတို့ဖြစ်သည်။ ထူးဆန်းစွာဖြင့် ထိုပုံရိပ်က အကြည့်မခွာချင်ရလောက်အောင်ကို ပနံသင့်လှပေသည်။

တစ္ဆေသတို့သားWhere stories live. Discover now