အခန်း(၈၈)- ကိုယ်မင်းကိုစောင့်ရှောက်ပေးမယ်
"ဟုတ်ပြီ လမ်းရှာတွေ့ပြီဆိုတော့ ပြန်ကြတာပေါ့"
"ပြန်ကြစို့"
လေးဦးစလုံး တောင်ခြေသို့ ပြန်ဆင်းလာခဲ့ကြသည်။အပြန်လမ်းတွင် ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မည်းနေသော်လည်း လမ်းလျှောက်ရမခက်ပေ။ အလာတုန်းက ရုံချီနှင့် နှစ်ယောက်အတူလာခဲ့ခြင်းဖြစ်သော်လည်းအပြန်တွင် စူးမြောင်အာ ရုံချီအနားသို့ လုံးဝ မကပ်တော့ပေ။ ရုံချီကလည်း အလိုက်သိစွာဖြင့် သူမနှင့် ခပ်လှမ်းလှမ်းတွင် နေပေးပြီး ယဲ့ချွင်အနောက်မှ လိုက်လာသည်။
တစ်နာရီခန့်အကြာတွင် တောင်ခြေသို့ ပြန်ရောက်လာသည်။ စူးမြောင်အာ ဖုန်းဖွင့်ကြည့်လိုက်ရာ အချိန်အားဖြင့် ညရှစ်နာရီထိုးလုနီးပါးဖြစ်နေပြီ။
စူးမြောင်အာ ဘာမပြောညာမပြောဖြင့် ကားအရှေ့ခန်းတွင် ဝင်ထိုင်လိုက်သည်။ ရုံချီက ဘာတစ်ခွန်းမှ ဝင်မပြောချေ။ ယဲ့ချွင်နှင့် ထန်ဝူလည်း သူတို့နှစ်ဦးကြောင့် အနေခက်နေပုံရပြီး အချင်းချင်း မျက်ရိပ်မျက်ကဲပြကာကားပေါ်သို့ တက်လာကြလေသည်။ ဤသို့ဖြင့် ညဆယ်နာရီထိုးခါနီးတွင် ရွာသို့ ပြန်ရောက်လာကြသည်။သူတို့အုပ်စုကို မြင်သော် ကျော့ချင်းယွင်က အပြေးရောက်လာပြီး မေးသည်။
"အခြေအနေဘယ်လိုရှိလဲ"
ရုံချီက ပြန်မဖြေပေ။ ထိုအစား ထန်ဝူက ဝင်ဖြေပေးသည်။
"ကျော့လူကြီးမင်း စိတ်ချထားလိုက်ပါ..တည်နေရာကို ရှာတွေ့ပြီမို့ မနက်ဖြန်ဆိုရင် အလုပ်စလို့ရပါပြီ"
"တော်သေးတာပေါ့..နောက်ဆုံးတော့ ဒီအိပ်မက်ဆိုးကြီး အဆုံးသတ်တော့မယ်ထင်ပါရဲ့"
ပြန်ရောက်လာပြီးနောက် ထမင်းစား၊ ရေချိုးပြီး အိပ်ရာဝင်ရန် ပြင်လိုက်သည်။ ယမန့်နေ့ညကကဲ့သို့ သူမနှင့် ကျော့ရှောင်ချင်းတို့ တစ်ခန်းထဲ အတူအိပ်ကြရမည်ဖြစ်သည်။ ချင်ဖုန်းနှင့် ကျော့ရှောင်ယွဲ့တို့လည်း ယမန်နေ့ညက အဖြစ်အပျက်ကြောင့် စောစောစီးစီးအိပ်ရာဝင်သွားကြသည်။
YOU ARE READING
တစ္ဆေသတို့သား
Horrorဘာသာပြန်သူ - စွဲညို့အသင်း စူးမြောင်အာက အပနှင်သူတစ်ဦး ဖြစ်ပြီးတော့ မတော်တဆ ကျောက်စိမ်းလည်ဆွဲလေးကို ဝတ်ဆင်မိရာကနေ တစ္ဆေတစ်ကောင်က သူ့နောက်ကို တကောက်ကောက် လိုက်ပြီး ဖလစ်ခြင်းကို ခံရမှာ ဖြစ်ပါတယ်