အခန်း (၂၁)-ခြောက်လှန့်ခံနေရသော ကျော့မိသားစု
"ခုနကပြောခဲ့သလိုပဲ ကျော့မိသားစုက လွန်ခဲ့တဲ့ အနှစ်တစ်ရာလောက်တုန်းက သူတို့ ပိုင်ဆိုင်ထားတဲ့ ချီစွမ်းအားတွေကို အကုန်လုံး ဆုံးရှုံးသွားတယ်... အဲ့တာကြောင့် သူတို့ဆီမှာ ကျန်နေသေးတဲ့ ပုတီးစေ့တွေ ရဖို့အတွက် ကိုယ် သူတို့ရဲ့ ဘိုးဘေးတစ်ယောက်ကို ဖုန်းရွှေအတတ် သင်ပေးပြီး သူတို့တောင်းဆိုတဲ့အတိုင်း ကျော့မိသားစုရဲ့ ကံကြမ္မာကို အတင်းအကျပ် ပြောင်းလဲပေးခဲ့ရတယ်... အဲ့တာမှ သူတို့အားလုံး နောင်အနှစ်တစ်ရာလောက်အထိ ပူပင်စရာမလိုဘဲ အေးအေးဆေးဆေးနေနိုင်မှာလေ... ဒါပေမဲ့ အဲ့ဒီတုန်းက ကံကြမ္မာကို အတင်းအကျပ် ပြောင်းလဲခဲ့တဲ့အတွက် တန်ရာတန်ကြေးတော့ ပြန်ပေးဆပ်ရလိမ့်မယ်"
"တန်ရာတန်ကြေးလား"
စူးမြောင်အာသည် ရုံချီ၏အေးတိအေးစက်နိုင်သော အမူအရာကို တစ်ချက် ကြည့်လိုက်သည်။
"အင်း အဲ့ဒီအနှစ်တစ်ရာ လွန်သွားပြီးရင် ကျော့မိသားစုရဲ့ မျိုးဆက်တွေကိုယ်တိုင် နောက်တစ်ကြိမ် ပြန်ပေးဆပ်ရမှာ"
စူးမြောင်အာသည် ရုံချီပြောချင်သည့် အဓိပ္ပါယ်ကို သဘောပေါက်သွားပြီး စိတ်ထဲတွင် တုန်လှုပ်သွားရသည်။
"ဒါဆိုရင် ရှင် သူတို့ကို ကူညီပြီး ဖုန်းရွှေအတတ် သင်ပေးခဲ့တာ အနှစ်တစ်ရာရှိသွားပြီဆိုတော့..."
"အချိန်မပြည့်သေးဘူး"
ရုံချီက ခေါင်းခါပြသည်။
"အမှန်တော့ ကျော့မိသားစုမှာ အချိန်ဆယ်နှစ်ကျန်သေးတယ်... ဒါပေမဲ့ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်တုန်းက ကျော့မိသားစုက သူတို့မိသားစုရဲ့ အေးချမ်းတဲ့ နေ့တွေ ကုန်တော့မှာကို တွေးပူနေကြလို့ ကိုယ်ကိုယ်တိုင် ဖုန်းရွှေအဖွဲ့အစည်းကနေ ဖုန်းရွှေဆရာ နောက်တစ်ယောက်ကို ရှာပေးခဲ့တယ်... ကံဆိုးချင်တော့ အဲ့ဖုန်းရွှေဆရာက ဖုန်းရွှေအတတ်ကို ကျွမ်းကျွမ်းကျင်ကျင် မသုံးနိုင်ဘဲ လွန်ခဲ့တဲ့အနှစ်တစ်ရာတုန်းက ကျော့မိသားစုအတွက် ကိုယ် စီမံပေးခဲ့တဲ့ ဖုန်းရွှေစည်းတံဆိပ်ကိုပါ ရှုပ်ထွေးသွားအောင် လုပ်လိုက်မိတယ်... အဲ့တာကြောင့် အခုဆိုရင် ကျော့မိသားစုရဲ့ အေးချမ်းတဲ့နေ့တွေအားလုံး ကုန်သွားခဲ့ပြီ"
YOU ARE READING
တစ္ဆေသတို့သား
Horrorဘာသာပြန်သူ - စွဲညို့အသင်း စူးမြောင်အာက အပနှင်သူတစ်ဦး ဖြစ်ပြီးတော့ မတော်တဆ ကျောက်စိမ်းလည်ဆွဲလေးကို ဝတ်ဆင်မိရာကနေ တစ္ဆေတစ်ကောင်က သူ့နောက်ကို တကောက်ကောက် လိုက်ပြီး ဖလစ်ခြင်းကို ခံရမှာ ဖြစ်ပါတယ်