အခန်း(၉၂)-ငါတို့လာမယ်ဆိုတာကိုသူသိနေတယ်
"မြောင်မြောင် ဘာဖြစ်တာလဲ"
ရုံချီက သူမ၏ နံဘေးသို့ ချက်ချင်း ရောက်လာသည်။ ရုံချီကို မြင်မှ စူးမြောင်အာ စိတ်သက်သာရာရသွားသည်။သို့သော် သူမ ကြုံတွေ့ခဲ့ရသော အဖြစ်မပျက်ဟာ လက်တွေ့ဆန်လွန်းသည့်အတွက် အိပ်မက်လား၊ လက်တွေ့လားဟုပင် ခွဲခြားရခက်နေသည်။ ထို့ကြောင့် ရုံချီကို ပြောပြရန် ဆုံးဖြတ်လိုက်သည်။
"ခုနတုန်းက အိပ်မက်ဆိုးတစ်ခုမက်နေသလိုပဲ"
"စူးမိန်းကလေး အိပ်ပျော်သွားတာ သုံးမိနစ်လောက်ပဲ ရှိသေးတာမဟုတ်ဘူးလား..ဘယ်လိုလုပ်ပြီး အိပ်မက်မက်ရတာလဲ"
ကျော့ရှောင်ယွဲ့က ဝင်နောက်သည်။ စူးမြောင်အာ ကျော့ရှောင်ယွဲ့ကို လျစ်လျူရှုပြီး ရုံချီကိုသာ သူမ၏ အိပ်မက်အကြောင်း အသေးစိတ် ပြောပြလိုက်သည်။ ရုံချီက အမူအရာ ပြောင်းလဲသွားခြင်းမရှိဘဲ ပေါ့ပေါ့ပါးပါး ပြောသည်။
"ရောက်လာမယ်ဆိုတာကို သူကြိုသိနေပုံပဲ"
"ဟမ်!"
မူလက စူးမြောင်အာ၏ စကားကို မယုံကြသော ကျော့မိသားစုဝင်တစ်သိုက်ဟာ ရုံချီ၏ စကားကို ကြားရချိန်တွင် သိသိသာသာ တုန်လှုပ်သွားကြသည်။ ကျော့ချင်းယွင်က ရုံချီကို အသေးစိတ် ထပ်မေးချင်သည့်သဘောဖြင့် မျက်တောင်မခတ်တမ်း လိုက်ကြည့်နေသည်။
ရုံချီက မျက်လွှာချလိုက်သည်။ ဓာတ်မီးအလင်းရောင်အောက်မှ သူ၏ မျက်နှာတွင် နားလည်ရခက်သော အရိပ်အယောင်များ ထင်ဟပ်နေသည်။
"သူဆိုရင်တော့ ပြဿနာမရှိပါဘူး..ကျော့လူကြီးမင်းခဏလောက် စကားပြောလို့ရမလား"
"စကားပြောမလို့?"
ကျော့ချင်းယွင်က အတန်ငယ် အံ့သြသွားသော်လည်း သူ ဤဒေသသို့ လာရခြင်း၏ ရည်ရွယ်ချက်ကို ပြန်တွေးကာ သက်ပြင်းတစ်ချက်ရှိုက်ပြီး ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်ချလိုက်သည်။
"ကောင်းပြီ..ငါ့ရဲ့ကျော့မိသားစုကို ဒီလိုအခက်အခဲကြားကနေ ကျော်ဖြတ်နိုင်အောင် လုပ်နိုင်မယ်ဆိုရင် ငါဘာမှမဆိုလုပ်မယ်"
YOU ARE READING
တစ္ဆေသတို့သား
Horrorဘာသာပြန်သူ - စွဲညို့အသင်း စူးမြောင်အာက အပနှင်သူတစ်ဦး ဖြစ်ပြီးတော့ မတော်တဆ ကျောက်စိမ်းလည်ဆွဲလေးကို ဝတ်ဆင်မိရာကနေ တစ္ဆေတစ်ကောင်က သူ့နောက်ကို တကောက်ကောက် လိုက်ပြီး ဖလစ်ခြင်းကို ခံရမှာ ဖြစ်ပါတယ်