အခန်း(၇၂)- စျေးဝယ်ထွက်ခြင်း
လက်ရှိတွင် ရုံချီသည် ထူးဆန်းသည်ဟု ထင်ရသော်လည်း သိပ်မထူးဆန်းသော အသစ်စက်စက် ညဝတ်အကျီကို အသေအချာဝတ်ဆင်ထားသည်။
"သြော် ဒါလား..၂၄နာရီဖွင့်တဲ့ ကုန်တိုက်ကနေ ဝင်ဝယ်လာတာ"
သူက ဘာမှမထူးခြားဟန်ဖြင့် ပြန်ဖြေသည်။
"စျေးဝယ်စင်တာဟုတ်လား..အဲ့ဒီက ဝန်ထမ်းတွေရှင့်ကို သတိမထားမိကြဘူးလား..နေပါအုံး ရှင် ဘယ်က ပိုက်ဆံရတာလဲ"
ရုံချီက အောက်နှုတ်ခမ်းကို လျှာဖြင့် သပ်ရင်း စိတ်ရှည်လက်ရှည် ပြန်ဖြေပေးသည်။
"ကိုယ် ဝတ်ထားတဲ့ အဝတ်အစားတွေက အရမ်း စုတ်ပြတ်နေပြီ..အဲ့တာကြောင့် လုပ်ငန်းခွင်ထဲက အစောင့်တွေရဲ့ အဝတ်အစားတချို့ကို ယူဝတ်ပြီး ပိုက်ဆံနည်းနည်းယူလာလိုက်တာ"
ရုံချီက အိတ်ကပ်ထဲသို့ လက်နှိုက်ပြီး ပိုက်ဆံထုတ်ပေးသည်။ လက်ကျန်ငွေမှာ ယွမ်သုံးရာကျော်နီးပါးဖြစ်ပြီး စူးမြောင်အာကို စိတ်လိုလက်ရ လက်ဖြန့်ပြီး ပေးသည်။ ရုံချီက သဘောရိုးဖြင့် ပြုမူလိုက်ခြင်းဖြစ်သော်လည်း စူးမြောင်အာမှာ တစ်ကိုယ်လုံး တုန်သွားရသည်။
"မြောင်မြောင် မင်း ဘာဖြစ်လို့ ကိုယ့်ကို ကြောက်နေတာလဲ"
ဤတစ်ကြိမ်တွင် သူက စူးမြောင်အာကို နားမလည်ဟန်ဖြင့် ခေါင်းစောင်းကြည့်သည်။ ရုံချီ၏ ရုပ်ရည်သည် ရှေးပန်းချီကားထဲမှ ခုန်ထွက်လာသော မင်းသားတစ်ပါးနှင့် ဆင်တူသည်။
"မဟုတ်တာ..ကျွန်မ အိပ်ငိုက်နေလို့ပါ"
စူးမြောင်အာ ပါးစပ်ထဲရှိသည့်အတိုင်း ပြန်ဖြေလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် ရုံချီက သူမကို အတင်းထပ်မမေးဘဲ စျေးဝယ်စင်တာမှ ဝယ်လာသော ဆံပင်ရိတ်စက်တစ်လုံးကို တက်ကြွစွာ ထုတ်ပေးသည်။
"မေ့နေလိုက်တာ..ကိုယ့်ဆံပင်ကို တစ်ခုခုလုပ်ပေးပါအုံး..ဒီခေတ်မှာ ဘယ်သူမှ ဆံပင်အရှည်ထားပြီးကျစ်ဆံမြီးမကျစ်ကြတော့ဘူးထင်တယ်"
ထိုအချိန်မှသာ ရုံချီတွင် သေးနုပ်သော ကျောက်ပွင့်ကျောက်ခက်လေးများဖြင့် သေသေသပ်သပ် ကျစ်ထားသော ကျစ်ဆံမြီးရှည်များရှိနေသေးကြောင်း ရုတ်တရက် သတိရသွားသည်။ သို့သော် ဆံပင်မရိပ်ခင်တွင် သေချာအောင် ပြန်မေးလိုက်သည်။
YOU ARE READING
တစ္ဆေသတို့သား
Horrorဘာသာပြန်သူ - စွဲညို့အသင်း စူးမြောင်အာက အပနှင်သူတစ်ဦး ဖြစ်ပြီးတော့ မတော်တဆ ကျောက်စိမ်းလည်ဆွဲလေးကို ဝတ်ဆင်မိရာကနေ တစ္ဆေတစ်ကောင်က သူ့နောက်ကို တကောက်ကောက် လိုက်ပြီး ဖလစ်ခြင်းကို ခံရမှာ ဖြစ်ပါတယ်