Part 102

137 15 0
                                    


အခန်း(၁၀၂)-ဖုတ်ကောင်

"ဒါဆိုရင် မင်းက မင်းအဖေရဲ့ သေဆုံးမှုနဲ့ စုန့်မိသားစုတစ်ခုလုံး ဘဝပျက်သွားရတဲ့ အကြောင်းအရင်းက အဲ့ဒီတစ္ဆေထိန်းဆရာနဲ့ ပတ်သတ်နေတယ်လို့ သံသယဝင်နေတာလား"

စုန့်ရှစ်က ခေါင်းညိတ်ပြသည်။

"ဒီနေ့ ငါ နင့်ကို လျှို့ဝှက်ချက်တစ်ခု ပြောပြလိုက်ပြီ..အမှန်တရားကို ရှာတွေ့ဖို့ အရေးကြီးတယ်ဆိုတာကို နားလည်မယ်လို့ မျှော်လင့်တယ်"

ထို့နောက် စုန့်ရှစ်က နေရာမှ ပျောက်ကွယ်သွားလေတော့သည်။ သူမက ရုံချီအတွက် စိတ်ဝင်စားစရာကောင်းသော ရွေးချယ်မှုတစ်ခုကို ထားရစ်ပေးခဲ့သည်။ ရုံချီသာ ကျို့ရွှမ်းတောင်ကို သွားမည်ဆိုပါကစုန့်မိသားစုအရေးကို ဝင်ပတ်သတ်မိပြီးသားဖြစ်ပြီး ထိုနှစ်များတုန်းက တစ္ဆေထိန်းဆရာအကြောင်းကိုပါ ဖော်ထုတ်ရပေတော့မည်။ စုန့်ရှစ်ထွက်သွားပြီးနောက် ညမိုးချုပ်နေပြီဖြစ်ရာ ပုံမှန်အတိုင်း ခြေလက်ဆေးကြောပြီး အိပ်ရာဝင်ရမည့်အချိန်သို့ ရောက်လာသည်။

ထိုအချိန်တွင် အခန်းထဲမှ ထွက်လာသော ယဲ့ချွမ်ကို လှမ်းမြင်လိုက်ရသည်။ စူးမြောင်အာ စုန့်ရှစ်၏ စကားကို အကြိမ်ကြိမ်အခါခါ တွေးနေရင်း နောက်ဆုံးတွင် ယဲ့ချွမ်ကိုသာမေးကြည့်လိုက်တော့သည်။

"ယဲ့ချွမ် ရှင် ဖုတ်ကောင်တွေကို သိလား"

ယဲ့ချွမ်က ဖုတ်ကောင်ထိန်းချုပ်သူဖြစ်သည့်အတွက် ဖုတ်ကောင်များအကြောင်းကို အများထက် ပိုသိသူဖြစ်သည်။ သို့သော် စူးမြောင်အာထံမှ မထင်မှတ်ထားသော မေးခွန်းမျိုးကို ရုတ်တရက် အမေးခံလိုက်ရခြင်းကြောင့် ယဲ့ချွမ်တစ်ယောက် ကြောင်အမ်းအမ်းဖြစ်သွားသည်။

"အစ်ကိုတို့အနားမှာ ဖုတ်ကောင်ရှိနေတာပဲမဟုတ်ဘူးလား"

ယဲ့ချွမ်၏ စကားက ရုံချီကို ဆိုလိုခြင်းဖြစ်သည်။

"အဲ့ဒီလိုမဟုတ်ဘူး..ကျွန်မသိချင်တာက ရှင်တို့လိုဖုတ်ကောင်ထိန်းချုပ်သူတွေရဲ့ အမြင်မှာရော ဖုတ်ကောင်တွေမှာ အဆင့်သတ်မှတ်ထားတာမျိုးရှိလားလို့"

You've reached the end of published parts.

⏰ Last updated: 4 days ago ⏰

Add this story to your Library to get notified about new parts!

တစ္ဆေသတို့သားWhere stories live. Discover now