အခန်း(၈၁)-တောင်သုံးလုံးဒေသ
"တကယ်သရဲရှိနေတာပဲ...အမလေး ကြောက်စရာကြီး"
ချင်ဖုန်းက အထိတ်အလန့် ဆိုသည်။ ထိုအချိန်တွင် ယဲ့ချွင်လည်း အပြေးအလွှား ရောက်လာသည်။ သို့သော် သူက အခန်းထဲသို့ မဝင်ပေ။ ခဏအကြာတွင် ဘေးအိမ်မှ အဘွားကြီးပါ ရောက်လာသည်။
"မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး..အရင်တုန်းကလည်း
ဒီမှာ ဧည့်သည်တွေ တည်းဖူးကြတာပဲ..
သရဲခြောက်တယ်လို့ တစ်ခါမှ မကြားဖူးပါဘူး"
"အဘွား အရင်တုန်းက ဒီအိမ်ပိုင်ရှင်က ဘယ်သူလဲ..ကျွန်တော်တို့ကို ပြောပြပေးလို့ရမလား"
"ပြောပြလို့ရပါတယ်ကွယ်..အရင်တုန်းက ဒီအိမ်ကို အဘိုးကြီးတစ်ယောက်ပိုင်တာလေ..
သူသေသွားတော့ သူ့တူလေးက အဘွားတို့ကို ပြန်ရောင်းလိုက်တာ..အရင်တုန်းထဲက ဒီအိမ်မှာ ဧည့်သည်တွေ ထားဖူးပေမယ့် အမှန်အတိုင်း
ပြောရရင် အဘွားကတော့ တစ်ခါမှ မနေဖူးပါဘူး"
အဘွားအို၏ အသံက တိုးသထက် တိုးသွားသည်။ အများအားဖြင့် ဆွေမျိုးသားချင်းထဲမှ တစ်စုံတစ်ဦး သေဆုံး
သွားပါက နောင်လာနောင်သား လူလွတ်များ
ကသာ စီမံခန့်ခွဲပေးလေ့ရှိကြသည်။
ကျော့ရှောင်ချင်းတို့တစ်သိုက် အတန်ငယ် စိတ်ငြိမ်သွားကြသော်လည်း အပနှင်သူဖြစ်သည့် စူးမြောင်အာကမူ ယန်ချီစွမ်းအားနည်းနေသည့်
လူကိုသာ တစ္ဆေခြောက်လှန့်နိုင်ကြောင်း
သဘောပေါက်သည်။ ထို့ကြောင့် အခန်းထဲရှိ မိန်းမပျိုနှစ်ဦးတွင် သူမကိုမှ ရွေး၍ ခြောက်လှန့်ရခြင်းဖြစ်နိုင်သည်။
စူးမြောင်အာ ရုံချီကို တစ်ချက်ကြည့်လိုက်သည်။ ရုံချီကလည်း နားလည်ပုံရသည်။ သူက အားတုံ့အားနာဖြစ်သော အကြည့်မျိုးဖြင့် ကြည့်ပြီး ပြောသည်။
"မြောင်မြောင် ပြန်အိပ်တော့နော်..ကိုယ် ဒီမှာစောင့်နေပေးမယ်..မင်း နောက်ထပ်
YOU ARE READING
တစ္ဆေသတို့သား
Horrorဘာသာပြန်သူ - စွဲညို့အသင်း စူးမြောင်အာက အပနှင်သူတစ်ဦး ဖြစ်ပြီးတော့ မတော်တဆ ကျောက်စိမ်းလည်ဆွဲလေးကို ဝတ်ဆင်မိရာကနေ တစ္ဆေတစ်ကောင်က သူ့နောက်ကို တကောက်ကောက် လိုက်ပြီး ဖလစ်ခြင်းကို ခံရမှာ ဖြစ်ပါတယ်