အခန်း (၃၆)-ပခုံးပေါ်မှာ
ရုတ်တရက် ပြောင်းလဲသွားသော မြင်ကွင်းကြောင့် စူးမြောင်အာတစ်ယောက် ဇောချွေးပျံသွားရသည်။ ကြံရာမရဖြစ်နေစဥ်တွင် သူမ လွယ်ထားသော အိတ်ထဲမှပဲစေ့လက်တစ်ဆုပ်စာခန့် အမြန်ကောက်ယူပြီး နောက်ပြန်ပက်လိုက်သည်။ ပဲစေ့အစွမ်းကြောင့် သူမ၏ ပခုံးကို ထိရန် ကြိုးစားနေသော အရိုးခြောက်ကြီးသည် ရုတ်တရက် တွန့်သွားပြီး နောက်ပြန်ဆုတ်သွားသည်။
သို့သော် နောက်ကျောဘက်မှ မိန်းမတစ်ယောက်၏ နာနာကျင်ကျင် ငိုကြွေးသံကဲ့သို့ ကြောက်မက်ဖွယ်ရာ အော်သံနက်ကြီးထွက်ပေါ်လာသည်။
"မြောင်မြောင်... ကြောက်... ကြောက်တယ်"
ထိုအချိန်တွင် ကျော့ရှောင်ချင်း၏ ကြောက်လန့်တကြား ငိုရှိုက်သံက စူးမြောင်အာ၏ နားထဲသို့ တိုးဝင်လာသည်။
"ဘာမှမပြောနဲ့အုံး... မြန်မြန်သွားကြစို့"
စူးမြောင်အာသည် သူမ၏ အသံပင်လျှင် ကျော့ရှောင်ချင်းနီးပါး တုန်ယင်နေကြောင်း သတိမထားမိချေ။ သို့သော် လမ်းတစ်လျှောက်လုံး သူမအနောက်သို့ မပြေးရုံတမယ် ထက်ကြပ်မကွာ လိုက်လာခဲ့သော ကျော့ရှောင် ချင်းသည် အမှန်အကန် ပြေးရတော့မည့် အရေးကြီးဆုံးအချိန်တွင်မှ တုံ့ခနဲရပ်သွားသည်။ စူးမြောင်အာသည် ကျော့ရှောင်ချင်း၏ အရှေ့မှ ဦးဆောင်ပြီး လျှောက်နေသူဖြစ်သည့်အတွက် ကျော့ရှောင်ချင်း ရပ်သွားချိန်တွင် ချက်ချင်း သတိပြုမိသော်လည်း နောက်ပြန်လှည့်မကြည့်ဝံ့ချေ။ သူမကိုယ်တိုင် နောက်ပြန်လှည့်မကြည့်ဝံ့သော်လည်း အရှိန်လျော့ပြီး စိုးရိမ်တကြီး မေးလိုက်သည်။
"ရှောင်ချင်း ဘာဖြစ်တာလဲ"
"မ... မသိဘူး... ညီမရဲ့ ခြေထောက်တွေ အားမရှိတော့သလိုပဲ... ပြီးတော့ အမေ့ရဲ့ ငိုသံကို ကြားလိုက်တယ်... အမေကလေ အရမ်းနေမကောင်းဖြစ်ပြီး ဆုံးသွားရတာ... ဆေးရုံတက်ဖို့တောင် ညီမတို့မှာ ပိုက်ဆံမရှိခဲ့ဘူး... အဖေက အရမ်းရက်စက်တာပဲ အမေဆုံးသွားတဲ့အထိ တစ်ခါမှတောင် လာမတွေ့ခဲ့ဘူး ... အမေကတော့သူပြန်မလာမှာကို သိသိရက်နဲ့ နောက်ဆုံးအချိန်အထိ စောင့်ခဲ့ရှာတာ... ."
YOU ARE READING
တစ္ဆေသတို့သား
Horrorဘာသာပြန်သူ - စွဲညို့အသင်း စူးမြောင်အာက အပနှင်သူတစ်ဦး ဖြစ်ပြီးတော့ မတော်တဆ ကျောက်စိမ်းလည်ဆွဲလေးကို ဝတ်ဆင်မိရာကနေ တစ္ဆေတစ်ကောင်က သူ့နောက်ကို တကောက်ကောက် လိုက်ပြီး ဖလစ်ခြင်းကို ခံရမှာ ဖြစ်ပါတယ်