Part 13

1.1K 110 0
                                    

အခန်း(၁၃)-အစ်ကိုချောချောလေးယဲ့ချွင်

မည်သို့ပင်ဖြစ်စေ လမ်းမှန်သို့ ပြန်ရောက်လာကြောင်းထင်ရှားသည်။ စူးမြောင်အာပြောပြီး သိပ်မကြာမီတွင် ရဲကားအရှေ့၌ ဖြည်းဖြည်းမှန်မှန် မောင်းနှင်နေသော ကုန်တင်ကားတစ်စီးကို တွေ့လိုက်ရသည်။ ကုန်တင်ကားကို မြင်ရမှ သုံးဦးသား စိတ်သက်သာရာရသွားတော့သည်။

အဘယ်ကြောင့်ဆိုသော် သူတို့ ကြုံတွေခဲ့ရသော မရဏစက်ဝန်းထဲတွင် ကုန်တင်ကား လုံးဝ မပါခြင်းကြောင့်ပင်။

"ပြီးသွားပြီ"

လောင်ဝမ်က သက်ပြင်းချပြီး စူးမြောင်အာကို ကျေးဇူးတင်သော အကြည့်မျိုးဖြင့် လှမ်းကြည့်သည်။ ဤသို့ဖြင့် ကားပေါ်မှ လေထု ယခင်ကကဲ့သို့ ပြန်အသက်ဝင်လာချိန်တွင် ချင်ရှန်းသုံး၏ ကြောက်လန့်တကြား အော်သံကို ကြားလိုက်ရသည်။

"လောင်ဝမ် အရှေ့မှာ ကားတားနေပြန်ပြီ!"

သောက်ကျိုးကိုနည်းရောဟေး!

စူးမြောင်အာသည် နောက်ထပ် တစ္ဆေသရဲတစ်ကောင်ကို မောင်းထုတ်ရန် အားမရှိတော့ခြင်းကြောင့် ချင်ရှန်းသုံး ညွှန်ပြသည့်နေရာကို စိတ်ပျက်လက်ပျက် လှမ်းကြည့်လိုက်ရာ လမ်းဘေးတွင် ရပ်နေသော လူတစ်ဦးကို တွေ့လိုက်ရသည်။ သူ၏ ခန္ဓာကိုယ် အချိုးအစားကို ကြည့်ရုံဖြင့် ပိန်ပိန်သွယ်သွယ် အရပ်ရှည်ရှည် အမျိုးသားတစ်ဦးဖြစ်ကြောင်း သိနိုင်သည်။ ထိုသူအနားသို့ ကားအရှိန်လျှော့လိုက်ချိန်မှ အရပ်ရှည်ရုံတင်မကဘဲ ရုပ်ရည်ချောမောသော အမျိုးသားတစ်ဦးဖြစ်နေကြောင်း တွေ့လိုက်ရသည်။ ထိုအမျိုးသား၏ အနောက်တွင် လှံတံကဲ့သို့ ဖြောင့်မတ်စွာ ရပ်နေသော အမျိုးသားတစ်ဦးလည်း ရှိနေပြန်သည်။

ဒီအချိန်ကြီး ဘာဖြစ်လို့ လမ်းဘေးမှာ မတ်တပ်ရပ်နေကြတာလဲ?

စူးမြောင်အာ၏ ခေါင်းထဲသို့ အတွေးတစွန်းတစဝင်လာပြီး အနှီအရပ်ရှည်ရှည် ရုပ်ချောချော အမျိုးသားက အင်မတန် ထူးဆန်းနေကြောင်း သတိပြုမိသည်။

လောင်ဝမ်သည် ဤတစ်ကြိမ်တွင် ထိတ်လန့်နေသေးသော်လည်း သက်ရှိလူသားဟုတ်၊မဟုတ်ကို အတည်ပြုပြီးမှ ချင်ရှန်းသုံးကို အမိန့်ပေးသည်။

တစ္ဆေသတို့သားWhere stories live. Discover now