အခန်း(၂၆)-ကံဆိုးမှု
စူးမြောင်အာသည် ဖြစ်ကြောင်းကုန်စင်ကို နားထောင်ပြီးသည့်နောက်တွင် ရုံချီဘက်သို့ တစ်ချက် စွေကြည့်လိုက်သည်။ သူမ၏ ဦးလေး အသက်အန္တရာယ်မှ လွတ်မြောက်သွားရခြင်းသည် ရုံချီပေးလိုက်သော အင်းစာရွက်ကြောင့်သာ ဖြစ်သည်။ ရုံချီကလည်း သူမကို ပြန်လှည့်ကြည့်သည်။ သူတို့နှစ်ဦး အကြည့်ဆုံနေအခိုက် ယဲ့ချွင်က စူးမြောင်အာကို ထူးဆန်းသော အကြည့်မျိုးဖြင့် အသေအချာ လှမ်းကြည့်နေသည်။
"အိုင်းယား ဆရာမဟွေ့အန်းကတော့ ကံဆိုးသွားတာပဲ... အဲ့ဒီအလောင်းကောင်က ဘယ်လိုဖြစ်ပြီးတော့ စိတ်ပြောင်းသွားလဲ မသိပါဘူး... မဟုတ်ရင် အခုလောက်ဆို အလောင်းကိုက်ခံရပြီး အဆိပ်သင့်နေတာက ဆရာမဟွေ့အန်းမဟုတ်ဘဲ ကျုပ် ဖြစ်နေလောက်ပြီ... နောက်ရက်ကျမှ လက်ဆောင်ကြီးကြီး ဝယ်ပြီး ဆရာမဟွေ့အန်းကို လူနာသွားတွေ့အုံးမှပါ"
"ဆရာမဟွေ့အန်းက ဘယ်နေရာကို အကိုက်ခံလိုက်ရတာလဲ"
ကျော့ရှောင်တုန်းက စိတ်ဝင်တစားမေးသည်။ သို့သော် တာအိုဘုန်းတော်ကြီးက ခေါင်းခါပြသည်။
"အာ့မိထောဖော်... ပြောလို့မရပါဘူး ပြောလို့မရပါဘူး"
ဘာတွေလာလျှို့ဝှက်နေကြတာလဲ
စူးမြောင်အာ ဦးလေးဖြစ်သူကိုလှမ်းကြည့်လိုက်သည်။ မကြာမီတွင် စူးတာ့ထံမှ ပြန်ဖြေသံ ထွက်လာသည်။
"ခါးအောက်ပိုင်းနဲ့ ခြေသလုံးအပေါ်ပိုင်းကြားမှာပါ... အရမ်းမပြင်းထန်ပါဘူး သူ နှစ်ရက်လောက် အနားယူလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်"
ခါးအောက်ပိုင်းနဲ့ ခြေသလုံးအပေါ်ပိုင်းကြားဆိုတော့ ဖင်ကြီးပေါ့
စူးတာ့၏ အဖြေကြောင့် လူတိုင်း မျက်နှာအမူအရာ ပြောင်းလဲသွားကြသည်။ သို့သော် မည်သူကမှ အထွန့်တက်ပြီး ထပ်မမေးရဲကြတော့ချေ။ ရေခဲတိုက်ထဲတွင် အုတ်အော်သောင်းနင်းဖြစ်လာပြီးနောက် ကျော့ချင်းယွင်သည် အင်မတန် တုန်လှုပ်နေဆဲဖြစ်ပြီး စိတ်တည်ငြိမ်သည်အထိ အချိန်ယူလိုက်ရသည်။
YOU ARE READING
တစ္ဆေသတို့သား
Horrorဘာသာပြန်သူ - စွဲညို့အသင်း စူးမြောင်အာက အပနှင်သူတစ်ဦး ဖြစ်ပြီးတော့ မတော်တဆ ကျောက်စိမ်းလည်ဆွဲလေးကို ဝတ်ဆင်မိရာကနေ တစ္ဆေတစ်ကောင်က သူ့နောက်ကို တကောက်ကောက် လိုက်ပြီး ဖလစ်ခြင်းကို ခံရမှာ ဖြစ်ပါတယ်