Part 56

583 41 0
                                    


အခန်း(၅၆) လူကယ်ရမယ်

"ကျော့ရှောင်ချင်းက မြို့ထဲကို ဘာသွားလုပ်တာလဲ"

"အဲ့တာက..."

ကလေးထိန်းက ရှက်ကိုးရှက်ကန်းဖြင့် ပြန်ဖြေသည်။

"စူးမိန်းကလေးက ကျော့မမလေးနဲ့ ရင်းနှီးတယ်ဆိုတော့ ကျွန်မ ပြောပြပါ့မယ်..ကျော့မမလေးမှာ ချစ်သူရှိတယ်..သူ့ချစ်သူက မြို့ထဲမှာ နေတာဆိုတော့ အခု သူနဲ့ သွားချိန်းတွေ့တာထင်ပါတယ်"

ချိန်းတွေ့တာ..ချိန်းတွေ့ရင် ဖုန်းစက်ပိတ်ထားစရာလိုလို့လား?

စူးမြောင်အာ များများစားစား တွေးမနေဘဲ ကျော့ချင်းယွင်ထံသို့ ဖုန်းခေါ်လိုက်သည်။ အကယ်၍ ကျော့ချင်းယွင်သာ ကျော့ရှောင်ချင်းအပေါ် တစ်စုံတစ်ခု ကြံစည်နေပါက အချိန်မီ တားဆီးနိုင်ရန် မျှော်လင့်ပြီး ဖုန်းခေါ်လိုက်ခြင်းဖြစ်သည်။ ကံဆိုးစွာဖြင့် ကျော့ချင်းယွင်လည်း ဖုန်းပြန်ဖြေခြင်းမရှိပေ။

"ကျော့ရှောင်ချင်းတစ်ခုခုဖြစ်နေပြီထင်တယ်"

ရုံချီပင်လျှင် သူမ၏ စကားကို ငြင်းခုန်ခြင်းမပြုတော့ဘဲ အလေးအနက်ပြောသည်။

"ဟိုတစ်ခေါက်တုန်းက ကိုယ် ကျော့ချင်းယွင်ရဲ့ ကိုယ်ပေါ်မှာ တစ္ဆေအငွေ့အသက်တချို့ ချန်ခဲ့သေးတယ်..အဲ့ဒါကြောင့် သူ့ကို ရှာတွေ့ဖို့ မခက်ဘူး"

"ဒါဆို ဘာကို စောင့်နေသေးတာလဲ..မြန်မြန်သွားကယ်ကြမယ်လေ"

သူမတို့နှစ်ဦးစလုံး စံအိမ်ထဲမှ ချက်ချင်း ပြန်ထွက်လာခဲ့ကြသည်။ ရုံချီက လမ်းတစ်လျှောက်လုံး ကျော့ချင်းယွင်၏ ကိုယ်ပေါ်မှ တစ္ဆေအငွေ့အသက်ကို အာရုံခံလာသည်။ ထိုအချိန်တွင် ယဲ့ချွင်၏ ကားကို မထင်မှတ်ဘဲ လှမ်းတွေ့လိုက်သည်။

"သူ့ကားကို ဆင်းတားလိုက်"

ရုံချီက ပြောသည်။ ကျော့ချင်းယွင်သာ ကျော့ရှောင်ချင်းအပေါ် မကောင်းကြံနေပါက တက္ကစီယာဥ်မောင်းမြင်သွားရန် မသင့်တော်သည့်အပြင် မဆိုင်သည့် ကိစ္စတွင် ရောယောင်ကာ အမှုပတ်သွားနိုင်သည်။ ထို့ကြောင့် ကျော့မိသားစု၏ အတွင်းရေးကိစ္စများကို သိပြီးသားဖြစ်သော ယဲ့ချွင်ကသာ သူမတို့အတွက် အကောင်းဆုံး ရွေးချယ်မှုဖြစ်သည်။ စူးမြောင်အာသည် ရုံချီ၏ စကားကို သဘောတူပြီး တက္ကစီပေါ်မှ ချက်ချင်း ဆင်းကာ ယဲ့ချွင်၏ ကားကို တားလိုက်သည်။

တစ္ဆေသတို့သားWhere stories live. Discover now