အခန်း(၄၄)-မထင်မှတ်ထားသောညှိနှိုင်းမှု
ယဲ့ချွင်သည် စူးမြောင်အာကို တစ္ဆေမွေးထားသည်ဟု တစ်လျှောက်လုံး အထင်လွဲခဲ့ခြင်းဖြစ်သည်။ ယခုမူ
အမှန်တရားကို သက်သေပြနိုင်ခဲ့ပြီဖြစ်ရာ နားလည်မှုလွဲခြင်းလည်း ပြေလည်သွားချေပြီ။
"မြောင်မြောင် ကိုယ်တို့နှစ်ယောက်က သူပြောသလို လျှောက်ရမယ့်လမ်းချင်း မတူတဲ့အပြင် ဘဝချင်းပါခြားနေသေးတယ်..
ဘယ်လိုလုပ်မလဲ မင်း ကိုယ့်ကို ထားသွားမှာလား"
ရုံချီက သူမကို ပြုံးပြီး မေးသည်။ ရုံချီ၏ အပြုံးနောက်ကွယ်တွင် ဒေါသမီးတောင် ပေါက်ကွဲနေပြီဖြစ်ကြောင်း သူမ သိသည်။
ငါက ရုံချီ့ကို ထားသွားရမှာလား?
"ယဲ့ချွင် ရှင် စိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..ဒါပေမဲ့ မလိုပါဘူး ကျွန်မရဲ့ ရွေးချယ်မှုကို ကျွန်မယုံတယ်"
စူးမြောင်အာ ခပ်ဖျော့ဖျော့ ပြုံးပြလိုက်သည်။ ယဲ့ချွင်က သူမကို အလေးအနက်ကြည့်ပြီး ရုတ်တရက် ထုတ်ပြောလာသည်။
"ကျော့မိသားစုရဲ့ ပြဿနာက အရမ်းရှုပ်ထွေးတယ်..ဖြစ်နိုင်ရင် မင်း ဒီကနေ အမြန်ဆုံး ထွက်သွားပါတော့..အစ်ကို မင်းကို ဒီပြဿနာထဲ ဆွဲသွင်းမိတဲ့အတွက်
စိတ်မကောင်းပါဘူး"
ယဲ့ချွင်က ပြောပြီးသည်နှင့်
ပြန်လှည့်ထွက်သွားသည်။
သို့သော် ယဲ့ချွင် လုံးဝ မသိခဲ့သောအရာသည် စူးမြောင်အာကို ရုံချီက အကြိမ်ကြိမ် ကယ်တင်ပေးခဲ့ခြင်းဖြစ်သည်။
"မင်း တစ္ဆေထိန်းဆရာတွေနဲ့ ရန်ငြှိုးရှိတာလား"
ထိုအချိန်တွင် ရုံချီက ရုတ်တရက် ထမေးသည်။ ရုံချီ၏ အသံကြောင့် ယဲ့ချွင်က ဆတ်ခနဲ လှည့်ကြည့်ပြီး အေးတိအေးစက် ပြန်ဖြေသည်။
"မင်းနဲ့ဘာမှမဆိုင်ဘူး"
"ငါနဲ့မဆိုင်မှန်းသိတယ်..တစ္ဆေမွေးတယ်ဆိုတာ အရမ်းလျှို့ဝှက်ရတဲ့ အလုပ်တစ်ခုပဲ..
YOU ARE READING
တစ္ဆေသတို့သား
Horrorဘာသာပြန်သူ - စွဲညို့အသင်း စူးမြောင်အာက အပနှင်သူတစ်ဦး ဖြစ်ပြီးတော့ မတော်တဆ ကျောက်စိမ်းလည်ဆွဲလေးကို ဝတ်ဆင်မိရာကနေ တစ္ဆေတစ်ကောင်က သူ့နောက်ကို တကောက်ကောက် လိုက်ပြီး ဖလစ်ခြင်းကို ခံရမှာ ဖြစ်ပါတယ်