အပိုင်း(၃)- နားပူနားဆာ
အမျိုးသားတစ္ဆေသည် စူးမြောင်အာကို အတန်ငယ်ကြာ အလေးအနက် စိုက်ကြည့်နေပြီးမှ ရယ်သွမ်းသွေးသော လေသံဖြင့် ပြောလာသည်။
"ကလေးမလေး မင်းက တော်တော် ချစ်ဖို့ကောင်းတာပဲ... ဟုတ်တယ် မင်းပြောသလိုပဲ ကိုယ်တို့ကြားမှ ဘာရန်ငြိုးမှမရှိပေမဲ့ ပတ်သတ်မှုမရှိဘူးလို့တော့ မပြောပါနဲ့... ကိုယ်တို့အတွက် ကံကြမ္မာက သတ်မှတ်ပေးထားတဲ့ ဆက်ဆံရေးတစ်ခုတော့ ရှိတယ်"
ချီးကို ကံကြမ္မာက သတ်မှတ်ပေးရမှာလား။
စူးမြောင်အာ စိတ်ထဲတွင်သာ ကျိန်ဆဲပစ်လိုက်သည်။
"ကျွန်မက အပနှင်သူတစ်ယောက်ဆိုတော့ တစ္ဆေသရဲတွေကို လွတ်ကျွတ်အောင် ကူညီပေးရမယ့် တာဝန်ရှိတယ်... အဲ့ဒီတော့ ရှင့်မှာ မပြီးပြတ်သေးတဲ့ ဆန္ဒတစ်ခုခု ရှိတယ်ဆိုရင် ကျွန်မကို ပြောပြပါ"
"တကယ်လား"
အမျိုးသားတစ္ဆေသည် စူးမြောင်အာ၏ စကားကို အတော်လေး စိတ်ဝင်စားသွားပုံရပြီး ယခင်နည်းအတိုင်းအလေးအနက် စိုက်ကြည့်လာပြန်သည်။ စူးမြောင်အာလည်း ယုံကြည်မှုရှိရှိ ခေါင်းညိတ်ပြလိုက်သည်။ သို့သော် သူမ နောက်ဆက်တွဲ ကြားလိုက်ရသည့် စကားကြောင့် သွေးအန်ထွက်လုနီးပါး ဖြစ်သွားရသည်။
"ကိုယ်အသက်ရှင်နေတုန်းက တစ်ခါမှ လက်မထပ်ဖူးဘူး... ရှေးဆိုရိုးတွေထဲမှာ ပြောကြတာရှိတယ် မဟုတ်လား လူ့ဘဝမှာ လူဖြစ်ရှုံးခြင်း သုံးမျိုးရှိတယ်လို့... အဲ့ဒီသုံးမျိုးထဲမှာ မျိုးဆက်မရှိတာက လူဖြစ်အရှုံးဆုံးပဲတဲ့... စကားမစပ် မင်းက ချစ်စရာကောင်းတယ်နော် ကိုယ့်ရဲ့ ဆန္ဒကို ဘယ်လို ဖြည့်စည်းပေးမှာလဲ"
အမျိုးသားတစ္ဆေက ရှက်ကိုးရှက်ကန်း ပြုံးရင်း ပြောသည်။ သို့သော် စူးမြောင်အာ၏ မျက်လုံးတွင် အမျိုးသားတစ္ဆေက သူမကို တမင်သက်သက် ညစ်နေသည်ဟုသာ မြင်နေရသည်။
စူးမြောင်အာသည် အတင်းအကြပ် လုပ်ပြုံးပြုံးထားရခြင်းကြောင့် ပါးရိုးများပင် တောင့်လာရသည်။ နောက်ဆုံးတွင်မှ သွားကြားထဲမှ လေသံဖြင့် တုံ့ပြန်လိုက်သည်။
YOU ARE READING
တစ္ဆေသတို့သား
Horrorဘာသာပြန်သူ - စွဲညို့အသင်း စူးမြောင်အာက အပနှင်သူတစ်ဦး ဖြစ်ပြီးတော့ မတော်တဆ ကျောက်စိမ်းလည်ဆွဲလေးကို ဝတ်ဆင်မိရာကနေ တစ္ဆေတစ်ကောင်က သူ့နောက်ကို တကောက်ကောက် လိုက်ပြီး ဖလစ်ခြင်းကို ခံရမှာ ဖြစ်ပါတယ်