Part 90

315 22 0
                                    


အခန်း(၉၀)- ဟွမ်ပီကျစ်

စူးမြောင်အာ ရုံချီကို စိတ်မဆိုးကြောင်း ပြသည့်အနေဖြင့် ခပ်ဖွဖွ ပြုံးပြပြီး အိမ်ထဲသို့ ပြန်ဝင်လာခဲ့သည်။

ယနေ့ညသည် အရေးကြီးသော ညတစ်ညဖြစ်သည့်အတွက် စူးမြောင်အာတစ်ယောက် နေ့ခင်းဘက်တွင် တရေးရအောင် အိပ်ခဲ့သည်။ သူမ ပြန်နိုးလာချိန်တွင် ညနေစောင်းနေပြီဖြစ်ပြီး လူတိုင်းနီးပါး ထမင်းစားပွဲဝိုင်းတွင် စုထိုင်နေကြသည်။ လယ်သမားဇနီးမောင်နှံက ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ပြီး ပြင်ဆင်ပေးထားသော်လည်း မည်သူမှ မထိကြသေးချေ။

ကျော့ချင်းယွင်နှင့် ကျော့ရှောင်တုန်းတို့ သားအဖက နာရီတကြည့်ကြည့်လုပ်နေသည်။ ချင်ဖုန်း၊ ကျော့ရှောင်ယွဲ့နှင့် ကျော့ရှောင်ချင်းတို့ကမူ ကြောက်ရွံ့နေသော မျက်နှာဖြင့် ငြိမ်ငြိမ်ကုပ်ကုပ်လေး ထိုင်နေကြသည်။

ညစာစားပြီးနောက် ညရှစ်နာရီခန့်တွင် အုပ်စုလိုက် စတင်ထွက်ခွာလာကြသည်။ အချိန်တစ်နာရီခန့်ကြာပြီးနောက် ညကိုးနာရီဝန်းကျင်တွင် ဦးတည်ရာသို့ ရောက်လာသည်။ ထို့နောက် ရုံချီ လမ်းညွှန်သည့်အတိုင်း ခြေလျင်ခရီးဆက်ခဲ့ကြသည်။

သန်းခေါင်ယံအချိန်သည် အကောင်းအဆိုး ဒွန်တွဲနေသော အချိန်အပိုင်းအခြားတစ်ခုဖြစ်သည်။ လူတိုင်းသည် ကျောပိုးအိတ်နှင့် လိုအပ်သော ပစ္စည်းကိရိယာများကို သယ်ကာ တရွေ့ရွေ့ လမ်းလျှောက်နေကြသည်။

"မြောင်မြောင် အခုချိန်မှာ ကိုယ့်အပေါ် မင်းရဲ့ သဘောထားက ဘယ်လိုပဲရှိနေပါစေ တောင်ပေါ်ရောက်တာနဲ့ ကိုယ့်ခြေလှမ်းအတိုင်း မင်း ဂရုစိုက်ပြီး လိုက်ရမယ်နော်..နားလည်ရဲ့လား"

စူးမြောင်အာ ရုံချီကို စိတ်ဆိုးမနေတော့ဘဲ မော့ကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူတို့အားလုံး တောင်ပေါ်သို့ ခရီးဆက်နှင်ခဲ့ကြသည်။ သန်းခေါင်ယံအချိန်ဖြစ်သည့်အတွက် ခရီးသွားနှုန်းက ထင်သလောက် မမြန်ခဲ့ပေ။ ခရီးကြမ်းသည့်ဒဏ်ကို မခံနိုင်သော အမျိုးသမီးများပါသည့်အပြင် ပစ္စည်းကိရိယာများလည်း သယ်ထားရခြင်းကြောင့် ရံဖန်ရံခါတွင် ခရီးတစ်ထောက်နားခဲ့ရသည်။

တစ္ဆေသတို့သားWhere stories live. Discover now