Part 19

1.1K 103 0
                                    

အခန်း(၁၉)- ယဲ့ချွင်၏ရည်ရွယ်ချက်ယဲ့ချွင်က ပျင်းတိပျင်းရွဲလေသံဖြင့် ပြောသည်။

"မင်းက အပနှင်သူမဟုတ်လား... အစ်ကို မင်းကို အကူအညီတောင်းစရာတစ်ခုရှိလို့"

"အကူအညီတောင်းမလို့?"

စူးမြောင်အာသည် ယဲ့ချွင်ထံမှ မထင်မှတ်ထားသော စကားတစ်ခွန်းကို ကြားလိုက်ရခြင်းကြောင့် အတန်ငယ် အံ့သြမိသွားသည်။

ယဲ့ချွင်က ဆက်ပြော၏။

"မင်း ယွိရှန်းထန် ကျော့မိသားစုကို သိလား"

ထိုစကားကြောင့် စူးမြောင်အာ ပိုအံ့သြသွားရသည်။ ယခင်ကသာဆိုလျှင် ကျော့မိသားစုကို မှတ်မိရန် အချိန်တစ်ခုယူပြီး စဥ်းစားရနိုင်သော်လည်း ယခုတွင်မူ အသံကြားရုံဖြင့် အမူအရာပါ အလိုလို ပြောင်းပြီးသားဖြစ်သွားသည်။ယဲ့ချွင်က သူမ၏ အမူအရာကို အသေအချာ အကဲခတ်နေသည်။

"အင်း နည်းနည်းတော့ ကြားဖူးတယ်... ဘာဖြစ်လို့လဲ ရှင်က ကျောက်လုပ်ငန်းနဲ့ တစ်ခုခု ပတ်သတ်နေလို့လား"

ယဲ့ချွင်က ခေါင်းညိတ်ပြသည်။

"တကယ်တော့ အစ်ကို့အဘိုးပါ သူက ကျောက်မိသားစုနဲ့ ရင်းနှီးတယ်လေ... အခု ကျောက်မိသားစုမှာ မထင်မှတ်ထားတဲ့ အန္တရာယ်တစ်ခုနဲ့ ကြုံနေရတယ်တဲ့... အစ်ကိုတို့လို အလောင်းကောင်ထိန်းချုပ်သူတွေက သေပြီးသား အလောင်းကိုပဲ ထိန်းချုပ်လို့ရတာ... တစ္ဆေသရဲတွေရဲ့ မကောင်းတဲ့ စွမ်းအားတွေကိုတော့ ရှင်းထုတ်ပေးလို့မရဘူး... အဲ့တာကြောင့် သူတို့က အရည်အချင်းရှိတဲ့ အပနှင်သူတွေကို ရှာပေးဖို့ အကူအညီတောင်းတယ်ပဲဆိုပါ​တော့... အစ်ကိုကတော့ မင်းကို အဲ့ဒီကိစ္စတွေမှာ အတော်လေး အရည်အချင်းရှိတယ်လို့ မြင်တယ်လေ... သြော် ပြီး​တော့ သူတို့ဘက်က ကမ်းလှမ်းထားတာရှိသေးတယ် နောက်ဆုံးရလဒ်က ဘာပဲဖြစ်နေပါစေ သူတို့ကို ကူညီပေးဖို့ ရောက်လာတဲ့ အပနှင်သူကို ဂဏန်းငါးလုံးပမာဏရှိတဲ့ ပညာကြေးပေးပါ့မယ်တဲ့"

ယဲ့ချွင်ဟာ အတော်လေးကို စကားပြောကောင်းပြီး တစ်ဖက်လူ စိတ်ဝင်စားလာအောင် ပြောတတ်သည့် အရည်အချင်းရှိသည်ဟု ဆိုရပေလိမ့်မည်။

တစ္ဆေသတို့သားWhere stories live. Discover now