Part 69

450 36 0
                                    


အခန်း(၆၉)-ခေါင်းတလားဖွင့်ခြင်း

စူးမြောင်အာ သက်ပြင်းချပြီး အချိန်ကြည့်ရန် ဖုန်းဖွင့်လိုက်သည်။ သို့သော် ဖုန်းပွင့်သွားချိန်တွင် သူမကို စိတ်ဝင်တစား စူးစိုက်ကြည့်နေသော အနီရောင်မျက်လုံးကြီးနှစ်လုံးကို ဗြုန်းခနဲ မြင်လိုက်ရလေသည်။၎င်းကြောင့် စူးမြောင်အာ လိပ်ပြာလွင့်မတတ် လန့်သွားပြီး ဖုန်းဖွင့်မိသည့် ကိုယ့်လက်ကိုယ် ခုတ်ဖြတ်ချင်စိတ်ပေါက်သွားသည်။ ယခုလို ညဥ့်နက်သန်းခေါင်အချိန်တွင် တစ္ဆေသရဲများနှင့် ထိပ်တိုက်တွေ့တတ်သည်မှာ မလွဲမသွေ နားလည်ထားရမည့် သဘောတရားမျိုးဖြစ်သည်။

"အား.....!"

ထိုတစ္ဆေက ရုတ်တရက်ဆန်လွန်းသော အော်ဟစ်သံကြောင့် စူးမြောင်အာမှာ နားကန်းလုနီးပါး ထုံထိုင်းသွားရသည်။ သို့သော် ထိုတစ္ဆေသည် စူးမြောင်အာကို အန္တရာယ်မပြုရသေးခင်တွင် ပြာမှုန်အဖြစ်သို့ ဘဝပြောင်းသွားသည်။ထိုတစ္ဆေပျောက်ကွယ်သွားသည်နှင့် ရုံချီ၏ မျက်နှာက သူမအရှေ့တွင် ချက်ချင်း ပေါ်လာသည်။

"မြောင်မြောင် အဆင်ပြေရဲ့လား"

"အင်း အဆင်ပြေပါတယ်"

စူးမြောင်အာ သက်ပြင်းရှိုက်လိုက်သည်။

"သွားရအောင် ကိုယ်ရှင်းပြီးပြီ..အခုလောက်ဆိုရင် သတိလစ်နေလောက်ပြီ"

သို့သော် ရုံချီ၏ ခေါင်းတလားကို ဖွင့်ရန် အက်ကွဲကြောင်းအောက်သို့ မည်သို့ ဆင်းသင့်ကြောင်းစဥ်းစားရင်း အကျပ်ရိုက်သွားရသည်။ ရုံချီက သူမ ကြောက်နေသည်အထင်နှင့် ညင်သာစွာ နှစ်သိမ့်ပေးသည်။

"အဲ့ဒီနေရာက မြေမာတယ်..ပြီးတော့ မင်းနဲ့အတူ ကိုယ်လည်း ရှိနေမှာလေ..ဘာမှစိတ်မပူနဲ့နော် မနက်ကလို မပြိုကျစေရဘူး စိတ်ချ"

"မြေပြိုလို့ကတော့ ရှင်ရော ကျွန်မရော တစ်နေရာထဲမှာ တစ္ဆေဖြစ်နေတော့မှာပဲ"

စူးမြောင်အာ သက်ပြင်းချလိုက်သည်။ သူမ၏ အရှေ့တွင် ယုံကြည်မှုရှိရှိ လျှောက်နေသော ရုံချီက နောက်ပြန်လှည့်ကြည့်ပြီး ပြုံးစိစိလုပ်သည်။

တစ္ဆေသတို့သားWhere stories live. Discover now