Part 93

337 32 0
                                    


အခန်း(၉၃)-စုန့်မျိုးရိုး

ရုံချီက အိတ်ထဲမှ ကလေးကစားစရာ ပလုတ်တုတ်တစ်ခု ထုတ်ပြီး ကျော့ချင်းယွင်ကို ပေးသည်။

"လှုပ်လိုက်"

ကျော့ချင်းယွင်က ရုံချီပြောသည့်အတိုင်း ပလုတ်တုတ်ကို ယူပြီး လှုပ်လိုက်သည်။ တဗုံဗုံမြည်နေသော ပလုတ်တုတ်အသံက တိတ်ဆိတ်မှုကို ဖြိုခွင်းသွားသည်။ ခဏအကြာတွင် ကြောက်စရာကောင်းအောင် ပြုံးနေသော တစ္ဆေလေးက အမှောင်ထုထဲမှ ထွက်လာပြီး သူတို့သုံးဦး၏ အရှေ့သို့ ရောက်လာသည်။

"သူ့ကိုပေးလိုက်"

ကျော့ချင်းယွင်သည် တစ္ဆေလေးကို ကြည့်ပြီး လိပ်ပြာလွင့်မတတ် ကြောက်လန့်နေသော်လည်း သူလုပ်ရမည့်တာဝန်ကို ကောင်းစွာ အသိကပ်ထားဆဲဖြစ်ပြီး ပလုတ်တုတ်ကိုတစ္ဆေကလေးထံသို့ကြောက်ကြောက်လန့်လန့်ဖြင့် ပေးလိုက်သည်။

တစ္ဆေကလေးက ကျော့ချင်းယွင်၏ လက်ထဲမှ ပလုတ်တုတ်ကို ဆတ်ခနဲ ဆွဲယူပြီး သူ၏ လက်သေးသေးလေးနှစ်ဖက်ဖြင့် ပျော်ရွှင်စွာ ဆော့ကစားနေသည်။ စူးမြောင်အာ ထိုတစ္ဆေကလေးကို ကြည့်ပြီး ကျော့မိသားစု၏ ဘိုးဘွားခန်းမဆောင်ထဲတွင် တွေ့ခဲ့သောမှင်စာလေးကိုပါ မဆီမဆိုင် တွေးမိသွားသည်။ ထိုမှင်စာနှင့်ယှဥ်လျှင် ယခုသူမအရှေ့တွင် မြင်နေရသော တစ္ဆေကလေးက ပိုကြည့်ပျော်ရှုပျော်ရှိသည်။

တစ္ဆေကလေးသည် ပလုတ်တုတ်ဖြင့် ပျော်ရွှင်စွာဆော့ကစားနေသော်လည်း များမကြာမီတွင် ပလုတ်တုတ်၏ ဗုံပေါ်တွင် ရုတ်တရက် အနီရောင်တောက်ပလာသည်။ ထို့အပြင် တစ္ဆေကလေး၏ ခြေဖဝါးအောက်တွင်လည်းအနီရောင်စက်ဝိုင်းတစ်ခုပေါ်လာပြီး ထွက်မပြေးနိုင်အောင် ဖမ်းချုပ်ထားလိုက်သည်။

"အီးဟီးဟီးဟီး..."

ထိုအချိန်တွင် အမျိုးသမီးတစ်ဦး၏ ရှိုက်ကြီးတငင် ငိုရှိုက်သံကို လေတိုးသံများနှင့်အတူ ယောင်ဝါးဝါးကြားလိုက်ရသည်။ ရုံချီက ပြုံးပြီး ခေါင်းမော့ကြည့်သည်။

"စုန့်ရှစ် နောက်ဆုံးတော့ မင်းရောက်လာပြီပေါ့..မတွေ့ရတာ အနှစ်တစ်ရာလောက်ရှိပြီနော်ဘယ်လိုလဲ"

တစ္ဆေသတို့သားWhere stories live. Discover now