Part 38

919 81 0
                                    

အခန်း(၃၈)-မီးစင်ကြည့်ကရတော့မှာပဲ

စူးမြောင်အာသည် မှင်စာလေး၏ တခစ်ခစ်ရယ်သံများအကြား မည်သို့တုံ့ပြန်သင့်ကြောင်း ဦးနှောက်ကို အသည်းအသန် အလုပ်ပေးလိုက်သည်။

"အစ်မ ငါနဲ့ ကစားပေးပါ... ကျော့အန်းအန်းမှာ အဘိုးရော အဖေရော အမေရော အဒေါ်တွေရော ပြီးတော့ သူနဲ့ ကစားပေးမယ့် လူတွေ အများကြီးရှိတယ်လေ... ငါ့မှာတော့ ဘယ်သူမှမရှိဘူး... အစ်မရော အန်းအန်းရောရော ငါနဲ့ ကစားပေးမယ်ဆိုရင် အရမ်းပျော်ဖို့ကောင်းမှာပဲ"

မှင်စာလေးက ကျေနပ်စွာ ပြုံးရင်း အမှောင်ထုထဲမှ အရှေ့သို့ တစ်လှမ်းချင်း တိုးလာသည်။ ထို့အပြင် စူးမြောင်အာနှင့် ကျော့အန်းအန်းထံသို့ ပုပ်ပွနေသော လက်တစ်ဖက်ကို ဆန့်ထုတ်ပေးသည်။ စူးမြောင်အာသည် ထိုမြင်ကွင်းကို ကြည့်ရင်း ကျောချမ်းလာရပြီး နောက်ပြန်ဆုတ်ရန် ကြိုးစားချိန်တွင် တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားလေသည်။

"မင်း ကျော့အန်းအန်းကို အားကျလား"

အမှန်ဆိုရသော် ကျော့အန်းအန်းတွင် အားကျဖွယ် မနာလိုဖွယ်ကောင်းသော ပြည့်စုံမှုတို့ရှိသည်။ကျော့စံအိမ်ထဲမှ မည်သူမဆို ကျော့အန်းအန်းကို အရိပ်တကြည့်ကြည့် ချစ်ခင်ဂရုစိုက်ကြပြီး လိုလေသေးမရှိအောင် အလိုလိုက် အကြိုက်ဆောင်ခံထားရသော ကလေးငယ်တစ်ဦးဖြစ်သည်။ သို့ဖြစ်ရာ မည်သည့်အချိန်ထဲက သေဆုံးသွားမှန်းမသိသော ကလေးငယ်တစ်ဦးနှင့် ကျော့အန်းအန်းတို့၏ ရွှေပေါ်မြတင်ဘဝဟာ မိုးနှင့်မြေအလား ကွာခြားလွန်းလှသည်။

စူးမြောင်အာ၏ စကားကြောင့် မှင်စာလေးမှာ အကြီးအကျယ် တုန်လှုပ်သွားသည်။ သူ၏ အပြုံးသည် မနာလိုစိတ်အပြည့်နှင့် ခါးသီးသော အပြုံးအဖြစ်သို့ တမုဟုတ်ချင်း ပြောင်းလဲသွားသည်။

"မင်းရဲ့ အရိုးစု ဘယ်မှာရှိလဲဆိုတာကို အစ်မကို ပြောပြပေးပါ... အစ်မ ဘုန်းကြီးပင့်ပြီး လုပ်ထုံးလုပ်နည်းတွေအတိုင်း လုပ်ပေးပါ့မယ်... ဒါမှ မင်းလည်း ကောင်းရာမွန်ရာကို ဘဝကူးပြီး နောင်ဘဝမှာ အန်းအန်းလိုမျိုး မိသားစု စုံစုံလင်လင်နဲ့ အများကြီး အချစ်ခံရပြီး ပျော်ရွှင်စရာကောင်းတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ခွင့်ရမှာပေါ့"

တစ္ဆေသတို့သားWhere stories live. Discover now