Part 28

955 82 1
                                    

အခန်း(၂၈)- ဖွေရှာဝိညာဥ်

ချင်ဖုန်းသည် အမှောင်ထဲမှ မကောင်းဆိုးရွားတစ်ကောင် ထွက်လာပြီး သူမကို ကိုက်သွားမည်ကိုစိုးရိမ်နေသကဲ့သို့ တုန်တုန်ယင်ယင်ဖြစ်နေသည်။

တစ်ဖက်တွင်မူ အငယ်ဆုံးလေး ကျော့ရှောင်ချင်းကမူ သူမ၏ အစ်ကိုနှင့် မရီးကဲ့သို့မဟုတ်ဘဲ ရိုကျိုးစွာ ရပ်နေသည်။ စူးမြောင်အာသည် ကလေးထိန်းမှတဆင့် ကျော့ရှောင်ချင်းအကြောင်းကို အနည်းအကျဥ်း ကြားသိခွင့်ရခဲ့သည်။

ကျော့ရှောင်ချင်းသည် ကျော့မိသားစုတွင် ကြီးပြင်းလာသော မိန်းမပျိုလေးမဟုတ်ပေ။ အတိအကျဆိုရလျှင် ကျော့ရှောင်ချင်း ကျော့ချင်းယွင်၏ သမီးဖြစ်သော်လည်း အငယ်အနှောင်းမှ မွေးလာသော တရားမဝင်သမီးတစ်ဦးဖြစ်ပြီး လွန်ခဲ့သော ခြောက်လခန့်ကမှ စံအိမ်သို့ရောက်လာခြင်းဖြစ်သည်။ ထို့ကြောင့်ကျော့ရှောင်ချင်းသည် ကျော့မိသားစုဝင်များထဲတွင် အနှိမ်ခံရသူဖြစ်ပြီး အခြားသော ကျော့မိသားစုဝင်များ၏ မချေမခံ ဆက်ဆံမှုကိုလည်း အမြဲလိုလို သည်းခံရလေ့ရှိသည်။ ဤအကြောင်းကို စူးမြောင်အာ ကြားပြီးသည့်နောက်တွင် ကျော့ရှောင်ချင်းအပေါ် အတန်ငယ် စာနာသနားစိတ်ဝင်မိသွားသည်။

"စတော့မယ် ခဏနေကျရင် ဘာတွေဖြစ်လာမလဲ မပြောတတ်ဘူး... အဲ့တာကြောင့် သတိထားနော်"

ရုံချီက စူးမြောင်အာအနားသို့ ကပ်ပြီး ခပ်တိုးတိုး သတိပေးသည်။ စူးမြောင်အာအကြည့်ရွှေ့လိုက်ရာ ဆရာနင်းယွမ်သည် အဝါရောင်တောက်တောက်ဝတ်ရုံကို ဝတ်ဆင်ထားပြီး မက်မွန်ဓားကို လက်တစ်ဖက်ဖြင့် ကိုင်ဆောင်ကာ လေထဲ၌ ကြိမ်ဖန်များစွာ ဝှေ့ရမ်းပြီး အားကောင်းသောလေပွေလှိုင်းကြီးများအဖြစ် ဖန်တီးလျက်ရှိသည်။ သူ၏ အရှေ့မှ စားပွဲပေါ်တွင် နံသာပေါင်း၊ ဖယောင်းတိုင်အစရှိသဖြင့် အရေးကြီးသော ပစ္စည်းများကို အစီအရီ တင်ထားသည်။ ဤမြင်ကွင်းသည် သရဲရုပ်ရှင်ကားများတွင် ထည့်သွင်းပြသလေ့ရှိသော ဇာတ်ကွက်နှင့် ဆင်တူသည်။ အရေးကြီးသော အခိုက်အတန့်သို့ ရောက်လာသည်နှင့်အမျှ ဆရာနင်းယွမ်သည် စည်းဝိုင်းအလယ်တွင် တင်ပျဥ်ခွေထိုင်ပြီး မန္တန်အချို့ကို ရွတ်ဆိုနေသည်။

တစ္ဆေသတို့သားWhere stories live. Discover now