အခန်း(၈၆)- ထူးဆန်းသောရွာတစ်ရွာ
တဖြည်းဖြည်း ပိုထူးဆန်းလာချေပြီ။ တတိယတောင်ကုန်းလို နေရာမျိုးတွင် အဘယ်ကြောင့် လူစည်ကားနေရပါအံ့။
ဤနေရာတွင် တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း စူးမြောင်အာ ရှင်းရှင်းလင်းလင်း သိနေသည်။ သူမ အပြေးလိုက်ဖမ်းနေသော ယဲ့ချွင်ပင်လျှင် အစစ်အမှန်မဟုတ်နိုင်တော့ချေ။ ဦးနှောက်က မလုပ်သင့်ကြောင်းတားနေသော်လည်း လက်မြန်ခြေမြန်ဖြင့် ပြောင်းဖူးရွက်များကိုတွန်းဖယ်ပြီး အရှေ့ဆက်လျှောက်သွားခဲ့သည်။ မလှမ်းမကမ်းတွင် အရှိန်ပြင်းပြင်း တောက်လောင်နေသော မီးပုံကြီးကို မြင်နေရသည်။ လူငယ်လူရွယ်များက မီးပုံကြီးကို ပတ်ပြီး ပျော်ရွှင်စွာ သီဆိုကခုန်နေကြသည်။ သက်ကြီးရွယ်အိုများကမူ ခွက်ကိုယ်စီကိုင်ပြီး အချင်းချင်း ဆုမွန်ကောင်းတောင်းပေးနေကြသည်။
"ဒီကမိန်းကလေးက တခြားရွာကလာတဲ့ ဧည့်သည်များလား"
ထိုအချိန်တွင် လူငယ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးက ကလေးပွေ့ချီရင်း သူမအနားသို့ ရောက်လာသည်။ဤလူများသည် ရိုးသားဖော်ရွေမှုရှိသော ရွာသားဖြစ်လိမ့်မည်ဟု စူးမြောင်အာ ခံစားမိနေသည်။ ထို့ကြောင့် မသိလိုက်ဘာသာ ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ပါတယ်"
"သြော် ဒီနေ့က သားလေးရဲ့ ထိမ်းမြှားမဂ်လာပွဲနေ့လေ..မိန်းကလေး ဒီမှာထိုင်ပြီး တစ်ခုခု သုံးဆောင်ပါအုံး"
စူးမြောင်အာ ထိုင်လိုက်သည်နှင့် ဖော်ဖော်ရွေရွေပြုံးရွှင်နေသော မျက်နှာဖြင့် လူငယ်တစ်ဦးရောက်လာပြီး ဝိုင်တစ်ခွက်ငှဲ့ထည့်ပေးသည်။ ဤလူတစ်စုဟာ အင်မတန် ထူးဆန်းနေသည့်အတွက် သူတို့ငှဲ့ပေးသော ဝိုင်ကို မသောက်သင့်ကြောင်း စူးမြောင်အာကောင်းစွာ သိနေသော်လည်းကြောင်တက်တက်ဖြင့် ဝိုင်ခွက်ကို ကောက်ကိုင်ပြီးသားဖြစ်နေသည်။သူမကို ဝိုင်ငှဲ့ထည့်ပေးသော လူငယ်သည် နှစ်ထပ်ခံထားသော ဝတ်ရုံရှည်ကို သေသပ်စွာ ဝတ်ဆင်ထားသည်။ ထိုအဝတ်အစားသည် ယနေ့ခေတ် အဝတ်အစားမျိုးမဟုတ်သော်လည်း လွတ်လပ်ရေးခေတ်မတိုင်မီက အဝတ်အစားနှင့် ဆင်တူသည်။
YOU ARE READING
တစ္ဆေသတို့သား
Horrorဘာသာပြန်သူ - စွဲညို့အသင်း စူးမြောင်အာက အပနှင်သူတစ်ဦး ဖြစ်ပြီးတော့ မတော်တဆ ကျောက်စိမ်းလည်ဆွဲလေးကို ဝတ်ဆင်မိရာကနေ တစ္ဆေတစ်ကောင်က သူ့နောက်ကို တကောက်ကောက် လိုက်ပြီး ဖလစ်ခြင်းကို ခံရမှာ ဖြစ်ပါတယ်