Part 63

517 48 0
                                    


အခန်း(၆၃)- ရန်သူတွေပြန်ဆုံလေပြီ

စူးတာ့က သူမကို ထိုလုပ်ငန်းရှင်နှင့် လိုတိုရှင်း မိတ်ဆက်ပေးသည်။ ထိုလူသည် ချွေ့ကျစ်ကော်ဟု အမည်ရသော သူဋ္ဌေးတစ်ဦးဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းကို မိသားစုစီးပွားရေးအဖြစ် ရင်းနှီးလုပ်ကိုင်နေသူဖြစ်သည်။ ဤတစ်ကြိမ် လုပ်ငန်းအတွက် အိတ်သွန်ဖာမှောက်နီးပါး ငွေရင်းနှီးထားသော်လည်း ခြောက်လှန့်မှုများကြောင့် လုပ်ငန်းရပ်ထားရပြီး အရှုံးပေါ်လုနီးပါးဖြစ်နေသည်။

"အန်ကယ်"

ထိုအချိန်တွင် တံခါးဝမှ အသံတစ်သံထွက်ပေါ်လာသည်။ ထိုအသံက အတော်လေး ရင်းနှီးနေခြင်းကြောင့် စူးမြောင်အာ ခေါင်းလှည့်ကြည့်လိုက်ရာ မတွေ့ရသည်မှာ ရက်အတော်ကြာနေပြီဖြစ်သော ချွေ့ထင်းထင်းကို မြင်လိုက်ရလေသည်။

"စူးမြောင်အာ.."

ချွေ့ထင်းထင်း၏ မျက်နှာတွင်လည်း အံ့သြမှုအရိပ်အယောင်များ ထင်ဟပ်သွားသည်။ သူမက အသံမြှင့်ပြီး မေးသည်။

"နင်ဒီမှာဘာလုပ်နေတာလဲ"

စူးမြောင်အာသည် ချွေ့ထင်းထင်း၏ ကိုယ့်ကိုယ်ကိုယ် အရေးပါအရာရောက်လွန်းသူလို လုပ်တတ်သည့် အကျင့်ကို မြင်ပြင်းကတ်နေသည်မှာ ကြာနေပြီဖြစ်သည်။ ထို့ကြောင့် ချွေ့ထင်းထင်းကို အဖတ်မလုပ်ဘဲ သူမ၏အရှေ့တွင် ထိုင်နေသော ချွေ့ကျစ်ကော်ကိုသာ နောက်တစ်ကြိမ်ကြည့်လိုက်သည်။ ချွေ့ထင်းထင်းနှင့် ချွေ့ကျစ်ကော်သည် ရုပ်ချင်းဆင်သည့်အပြင် မျိုးရိုးအမည်အရ ဆွေမျိုးသားချင်းများဖြစ်နိုင်သည်။

"ထင်းထင်း ဒါ အန်ကယ်ဖိတ်ထားတဲ့ အပနှင်သူ စူးမိန်းကလေးလေ..စူးမြောင်အာတဲ့"

ချွေ့ကျစ်ကော်က မတ်တပ်ရပ်ပြီး မိတ်ဆက်ပေးသည်။

"အပနှင်သူတဲ့လား"

ချွေ့ထင်းထင်းက သူမကို ခေါင်းအစခြေအဆုံး စေ့စေ့စပ်စပ်ကြည့်ပြီး ရယ်ချင်နေသော မျက်နှာဖြင့် လှောင်ပြောင်သည်။

"အန်ကယ် လူမှားပြီးတော့များ ရှာတွေ့လာတာလား..သူ့ကိုလည်း ကြည့်ပါအုံး ဘယ်မှာအပနှင်သူရုပ်ထွက်လို့လဲ..ကျွန်မသိသလောက်ဆိုရင် ဒီကောင်မလေးက အပနှင်တဲ့အကြောင်းကို ဘာမှမသိဘူး..အတန်းတောင်မှ တက်တစ်ရက် မတက်တစ်ရက်နဲ့..အန်ကယ်ကတော့အယုံလွယ်လိုက်တာနော်..ပိုက်ဆံတွေ အလိမ်ခံရတော့မှာပဲ"

တစ္ဆေသတို့သားWhere stories live. Discover now