အခန်း(၆၅)-ခေါင်းတလားတွေ့ပြီ
"ဒါပေမဲ့ သူ နင့်ကို မရွေးချယ်ခဲ့ဘူးလေ"
စူးမြောင်အာ ချွေ့ထင်းထင်းကို ရှုံ့ချသော အကြည့်မျိုးဖြင့် ထိထိမိမိ စိုက်ကြည့်ပေးလိုက်သည်။ ချွေ့ထင်းထင်း၏ မနာလိုမရှုစိတ်ပြင်းသော စိတ်ဓာတ်အရ ထိုနေ့ကတည်းက ယဲ့ချွင်ကိုစိတ်ဝင်စားနေကြောင်းသိသာသည်။
"ရက်ပိုင်းလောက်လေးနဲ့ ကိုယ့်ကိုယ်ကိုယ် သိပ်အထင်ကြီးမနေစမ်းပါနဲ့"
ချွေ့ထင်းထင်းက သူမ၏ ချစ်သူဟာ တုယွီဖြစ်ကြောင်း မေ့လျော့သွားပုံရသည်။ စူးမြောင်အာသည် ချွေ့ထင်းထင်းကဲ့သို့ ပလပ်ကျွတ်နေသော ဘဝင်ရူးကို သည်ထက်ပို၍အဖတ်လုပ်ချင်စိတ်မရှိတော့ချေ။ သို့သော် နံဘေးတွင် ရပ်နေသော ရုံချီက တစ်ခွန်းမျှ ဝင်မပြောဘဲ အရူးများကို ကြည့်နေသကဲ့သို့ ရှုပ်ထွေးသော အမူအရာဖြင့် တိတ်တဆိတ် ရပ်ကြည့်နေခဲ့သည်။ မကြာမီတွင်လုပ်ငန်းခွင်တစ်ဝိုက် စစ်ဆေးနေသော စူးတာ့နှင့် ချွေ့ကျစ်ကော်လည်း ပြန်ရောက်လာပြီး မနက်ဖြန်တွင် အပနှင်ခြင်းလုပ်ငန်း စတင်ရန် ချိန်းဆိုခဲ့ကြသည်။
"မနက်ဖြန် အပနှင်ရင် အဆင်ပြေပါ့မလား..ကျွန်မဦးလေးရဲ့ အရည်အချင်းကို ကျွန်မ အသိဆုံးဆိုပေမယ့် စိတ်ပူနေမိတယ်"
တစ္ဆေအငယ်များနှင့် တွေ့လျှင် ပြဿနာမရှိသော်လည်း နှိမ်နင်းရခက်သော ဝါရင့်တစ္ဆေများ စုပြုံနေပါက အန္တရာယ်ရှိလာနိုင်သည်။ ရုံချီက သူမကို ကြည့်ပြီး ရယ်ကျဲကျဲဖြင့် ပြောသည်။
"စိတ်မပူပါနဲ့ ဒီနေရာမှာ ဝါအရင့်ဆုံးနဲ့ ကိုင်တွယ်ရအခက်ဆုံးတစ်စ္ဆေဆိုရင် ကိုယ်ပဲ ရှိမယ်ထင်တယ်..ကိုယ်က မင်းရဲ့ ဦးလေးကို အခက်တွေ့အောင် လုပ်စရာလား"
စူးမြောင်အာ နှုတ်ခမ်းစူပြီး စကားမပြောဘဲ နေလိုက်သည်။ သို့သော် နောက်တစ်နေ့နံနက်တွင် သူမ နောက်ကျပြီးမှ အိပ်ရာနိုးလာသည်။ စူးတာ့ နှင့် ချိန်းဆိုထားသော အချိန်သည် နံနက်ခုနစ်နာရီခွဲဖြစ်သော်လည်း စူးမြောင်အာ နိုးလာချိန်တွင် နံနက်ကိုးနာရီခွဲနေချေပြီ။ အရေးကြီးဆုံးနေ့တွင်မှ အချိန်နှစ်နာရီတိတိ နောက်ကျသွားသည်။
YOU ARE READING
တစ္ဆေသတို့သား
Horrorဘာသာပြန်သူ - စွဲညို့အသင်း စူးမြောင်အာက အပနှင်သူတစ်ဦး ဖြစ်ပြီးတော့ မတော်တဆ ကျောက်စိမ်းလည်ဆွဲလေးကို ဝတ်ဆင်မိရာကနေ တစ္ဆေတစ်ကောင်က သူ့နောက်ကို တကောက်ကောက် လိုက်ပြီး ဖလစ်ခြင်းကို ခံရမှာ ဖြစ်ပါတယ်