Part 83

474 34 0
                                    


အခန်း(၈၃)- အမျိုးသမီးတစ္ဆေ၏ဘဝဇာတ်ကြောင်း

ထိုအမျိုးသား၏ ကြိုးစားအားထုတ်မှုနှင့် ရိုးသားဖြောင့်မတ်မှုတို့က အမျိုးသမီးငယ်၏ နှလုံးသားကို ဆွဲဆောင်နိုင်ခဲ့သည်။ သူမသည် မူလက သဘောတူထားသည့် မဂ်လာပွဲကိုပင် ဖျက်သိမ်းပစ်ပြီး ထိုအမျိုးသားနှင့်သာ ပျော်ပျော်ရွှင်ရွှင် ထိမ်းမြားမဂ်လာဆောင်ခဲ့သည်။ သူမ၏ ဖခင်သည်မဂ်လာခန်းဝင်လက်ဖွဲ့အဖြစ် ငွေကြေးအလုံအလောက်ပေးပြီး တောင်သုံးလုံးဒေသသို့ ပြောင်းရွှေ့နေထိုင်ခွင့်ပြုခဲ့သည်။

အစောပိုင်းနှစ်များတွင် ပူပူနွေးနွေး ကြင်စဦးဇနီးမောင်နှံဟာ တောင်သုံးလုံးဒေသတွင် လူတိုင်းအားကျရသော အချစ်ငှက်ကလေးများဖြစ်ခဲ့ကြသည်။ မမျှော်လင့်ဘဲ တစ်နှစ်ခန့်အကြာတွင် ထိုအမျိုးသမီး၏ ဖခင်ဖြစ်သူ သေဆုံးသွားပြီး မိသားစုလည်း စီးပွားပျက်ခဲ့သည်။ ထိုအချိန်တွင် သူမက ကိုယ်ဝန်ဆောင်ထားရခြင်းကြောင့် ခရီးသွားရန် အဆင်မပြေသည့်အတွက် ခင်ပွန်းဖြစ်သူကိုသာ စျာပနပွဲသို့ လွှတ်လိုက်ရသည်။

သို့သော် စျာပနပွဲသို့ ထွက်သွားသော ခင်ပွန်းဖြစ်သူက သုံးလပိုင်းကုန်အထိ စန်းရှန်းဝမ့်ဒေသသို့ ပြန်မရောက်လာခဲ့ပေ။

ထိုအချိန်တွင် ဒေသခံအချို့က သူမကို သိက္ခာချရန် ကြိုးစားလာကြသည်။ သူမ၏ ကိုယ်ဝန်ဟာ သူတို့ ရွာအတွက် နိမိတ်ဆိုးဖြစ်ကြောင်း၊ အခြားရွာသားတစ်ဦးနှင့် ရည်ငံနေကြောင်း စွပ်စွဲကြသည်။ထို့နောက် ပြစ်မှုစစ်ဆေးသည့် နေရာဟု သတ်မှတ်ကြသော ဒေသဆိုင်ရာတရားရုံးသို့ ခေါ်ဆောင်လာခဲ့ကြသည်။ အမှန်တွင် ထိုနေရာသည် ပြစ်မှုစစ်ဆေးသည့် နေရာမဟုတ်ဘဲ သွေးဆာနေသော လူတစ်စု အပိုင်စိုးထားသည့် နေရာတစ်ခုသာဖြစ်သည်။

ထိုအမျိုးသမီးသည် သူမ ချောက်ချခံရကြောင်း နားလည်သွားပြီး စွပ်စွဲခံရသော ပြစ်မှုများအတွက် တန်ပြန်ချေပခြင်းအားဖြင့် ခင်ပွန်းသည်အပေါ် ထားရှိသည့် သစ္စာတရားကို စောင့်ထိန်းပြသခဲ့သည်။ ခိုကိုးရာမဲ့နေသော အမျိုးသမီးတစ်ဦးတည်း အများနှင့် တစ်ယောက် အနိုင်ကျင့်ခံနေရချိန်တွင် သူမ၏ ခင်ပွန်းဖြစ်သူက အမျိုးသမီးတစ်ဦးနှင့် လက်ချင်းချိတ်ပြီး ရွာပြန်ရောက်လာသည်။ ရွာသို့ အတူပြန်ပါလာသော အမျိုးသမီးဟာ သူ၏ ငယ်ချစ်ဦးဖြစ်သည်ဟု ဆိုသည်။ထို့အပြင် ခင်ပွန်းဖြစ်သူက ရွာသားတို့၏ မဟုတ်မမှန် စွပ်စွဲချက်များကို ယုံကြည်ပြီး သူမနှင့် ကွာရှင်းခွင့်တောင်းကာ ဒေသဆိုင်ရာတရားရုံးသို့ သူကိုယ်တိုင်အပ်နှင်းခဲ့သည်။

တစ္ဆေသတို့သားWhere stories live. Discover now