အခန်း(၈၇)- အော့အန်ခြင်း
စူးမြောင်အာ ရင်ဘတ်ကို ဖိထားရင်း နာကျင်စွာ ရေရွတ်လိုက်သည်။
"သူ အဲ့ဒီကြတ်ရွာက အလောင်းကောင်ဆေးရည်ကို သောက်လိုက်မိတာပဲ"
ထန်ဝူ၏ အသံထွက်လာသည်။ လက်ရှိတွင် စူးမြောင်အာသည် ခြေလက်များ မသယ်နိုင်တော့ဘဲ ရင်ဘတ်ထဲမှ ပူလောင်မှုကြောင့် နာနာကျင်ကျင် ညီးတွားနေရသည်။ ယဲ့ချွင်က သူမကို ဖက်ထားပြီး ချော့မြူပေးသည်။
"မြောင်မြောင် ခဏလေး တောင့်ထားနော်..ခဏလေးပဲ သိလား..အားလုံးအဆင်ပြေသွားလိမ့်မယ်"
ယဲ့ချွင်၏ စကားအဆုံးတွင် ထူးဆန်းသော အနံ့အသက်တစ်မျိုးက လေထုထဲသို့ ပျံ့လွင့်လာသည်။ ထို့နောက် ယဲ့ချွင်က သူ့အကျီကို စူးမြောင်အာ၏ မေးစေ့အောက်သို့ ခံပေးရင်း ကျောကို ခပ်ပြင်းပြင်းထုပေးသည်။
"ဝေါ့"
စူးမြောင်အာသည် လည်ချောင်းထဲတွင် စူးခနဲ ခံစားရပြီး ဆန်တက်လာသော အရည်များကို ချက်ချင်း အန်ထုတ်ပစ်လိုက်သည်။ ထိုအရည်ထဲတွင် ထွန့်ထွန့်လူးနေသော ပိုးကောင်အရှည်များလည်း ပါဝင်နေပြီးမသတီဖွယ်ရာကောင်းလွန်းပေသည်။ စူးမြောင်အာ ဘာကိုမှ ဆက်မတွေးနိုင်တော့ဘဲ အရည်တစ်စက်မျှမကျန်တော့သည်အထိ ထိုးအန်ပစ်လိုက်သည်။
"တော်တယ် မြောင်မြောင်..ပြီးသွားပြီနော် အားလုံးပြီးသွားပြီ"
ယဲ့ချွင်က သူမတွင် အသက်အန္တရာယ်မရှိတော့ကြောင်း ဝမ်းသာအားရပြောသည်။ စူးမြောင်အာ ယဲ့ချွင်ကို အချိန်မည်မျှကြာအောင် မှီထားမိကြောင်း သူမကိုယ်တိုင်လည်း မသိတော့ပေ။ ရက်သတ္တပတ်လုံး စားထားသမျှ အစားအစာများကို အန်ထုတ်လိုက်ရသကဲ့သို့ ဗိုက်ချောင်သွားသည်။
"ရပြီ ဆက်မအန်နဲ့တော့နော်..အကုန်ပါသွားပြီ"
ယဲ့ချွင်က သူမကို ကျောက်တုံးတစ်တုံးနှင့် မှီထိုင်ပေးသည်။ စူးမြောင်အာ ထိုင်နေရင်း နောက်ပြန်လှည့်ကြည့်လိုက်ရာ စပါးခင်းများမရှိတော့သလို ရွာသားများလည်း အရိပ်အယောင်ပင် မရှိကြတော့ချေ။ ထိုအစား အစောတုန်းက လူစည်ကားနေသော ရွာနေရာတွင် အုတ်ဂူများကသာ အစုလိုက်အပြုံလိုက် နေရာယူထားသည်။
YOU ARE READING
တစ္ဆေသတို့သား
Horrorဘာသာပြန်သူ - စွဲညို့အသင်း စူးမြောင်အာက အပနှင်သူတစ်ဦး ဖြစ်ပြီးတော့ မတော်တဆ ကျောက်စိမ်းလည်ဆွဲလေးကို ဝတ်ဆင်မိရာကနေ တစ္ဆေတစ်ကောင်က သူ့နောက်ကို တကောက်ကောက် လိုက်ပြီး ဖလစ်ခြင်းကို ခံရမှာ ဖြစ်ပါတယ်