အခန်း( ၉၇)- သန္ဓေပြောင်းခြင်း
စုန့်ရှစ်သည် အဖြူရောင်ဝတ်ရုံကို သေသပ်စွာ ဝတ်ဆင်ထားပြီး သူမ၏ နက်မှောင်သော ဆံပင်ရှည်များကို ဖြန့်ချထားသော်လည်း ရှုပ်ပွနေခြင်းမရှိပေ။ ဖြူဖျော့နေသော်လည်း လှသွေးကြွယ်နေဆဲဖြစ်သော ပုံပန်းသွင်ပြင်အရ သက်ရှိအမျိုးသမီးတစ်ဦး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသကဲ့သို့ပင်။
အလောင်းကောင်တွေက သေပြီး နှစ်တွေ အများကြီးကြာသွားတာတောင်မှ ဒီလိုကြည့်ကောင်းနေကြတုန်းပဲလား?
အာ..ငါမေ့သွားတာပဲ ရုံချီက အလောင်းကောင်တွေရဲ့ ရှေ့ဆောင်လမ်းပြ ပင်တိုင်စံပဲမဟုတ်လား
ယဲ့ချွင်နှင့် ထန်ဝူတို့က လေဖောင်းအိတ်(အလောင်းအိတ်)ကို ကိုင်ပြီး ဆင်းလာကြသည်။ ထို့နောက် စုန့်ရှစ်၏ အလောင်းကို ခေါင်းတလားထဲမှ ထုတ်ပြီး အဆင့်ဆင့် ထုပ်ပိုးလိုက်ကြသည်။
"အမွှေးတိုင်ယူပေးအုံး"
ရုံချီက အမွှေးတိုင်ထွန်းညှိပြီး ခေါင်းတလားရှေ့တွင် စိုက်ချကာ ရိုသေသမှု ပြခဲ့သည်။ ထို့နောက် အလောင်းထည့်ထားသည့်အိတ်ကို ကြိုးဖြင့် ချိတ်ကာ အပေါ်သို့ ဆွဲတင်ရန် ကြိုးစားကြသည်။ သို့သော် ထိုအခိုက်အတန့်တွင် ရုတ်တရက်ဆန်လွန်းသော အပြောင်းအလဲတစ်ခု ဖြစ်ပျက်ခဲ့သည်။
အလောင်းအိတ်ထဲမှ စုန့်ရှစ်က ရုတ်တရက် ဆတ်ခနဲ မတ်ထပ်ထရပ်ပြီး အိတ်ထဲမှ ထပြေးသွားသည်။ သူမ၏ ရုပ်အလောင်းသည် ရာစုနှစ်တစ်စုကြာ မြှုပ်နှံခံထားရသော်လည်း ပုပ်ပိုးဆွေးမြေ့ခြင်းမရှိသလို အကြောတောင့်နေခြင်းလည်းမရှိသည့်အတွက် လူတစ်ဦးကဲ့သို့ ဆတ်ခနဲ မတ်တပ်ထရပ်နိုင်ခြင်းဖြစ်သည်။ ၎င်းမြင်ကွင်းကြောင့် ကျော့မိသားစုမှ အမျိုးသမီးသုံးဦးတို့ဟာ အသံကုန် အာခေါင်ခြစ်အော်ဟစ်ပြီး ဝရုန်းသုန်းကားဖြစ်သွားကြသည်။
ရုတ်တရက်ဆန်လွန်းသော အဖြစ်အပျက်ကြောင့် စူးမြောင်အာလည်း ကြောင်အမ်းအမ်းဖြစ်သွားရသည်။ သူမ အသိစိတ်ပြန်ဝင်လာချိန်တွင် စုန့်ရှစ်က သူမထံသို့ အရှိန်ပြင်းပြင်းဖြင့် ပြေးဝင်လာနေပြီဖြစ်သည်။
YOU ARE READING
တစ္ဆေသတို့သား
Horrorဘာသာပြန်သူ - စွဲညို့အသင်း စူးမြောင်အာက အပနှင်သူတစ်ဦး ဖြစ်ပြီးတော့ မတော်တဆ ကျောက်စိမ်းလည်ဆွဲလေးကို ဝတ်ဆင်မိရာကနေ တစ္ဆေတစ်ကောင်က သူ့နောက်ကို တကောက်ကောက် လိုက်ပြီး ဖလစ်ခြင်းကို ခံရမှာ ဖြစ်ပါတယ်