Part 58

565 45 0
                                    


အခန်း(၅၈)- အကြံကောင်း

စူးမြောင်အာသည် အရူးတစ်ပိုင်းဖြစ်နေရှာသောကျော့ရှောင်ချင်းကို ကြည့်ပြီး လက်များပါ တုန်ယင်လာရသည်။

"ဘာမှမဖြစ်တော့ဘူးနော် ရှောင်ချင်း"

ထို့နောက် သူမ၏ ကုတ်အကျီကို ချွတ်ကာ ကျော့ရှောင်ချင်းကို ခြုံပေးပြီး ပွေ့ဖက်ချော့မြူပေးလိုက်သည်။ ကျော့ရှောင်ချင်းက စူးမြောင်အာ၏ ရင်ခွင်ထဲတွင် အရုပ်ကြိုးပျက်သတိလစ်သွားလေသည်။

"ဒါဘာသဘောလဲ ရုံသခင်လေး"

ထိုအချိန်တွင် တံခါးအပြင်ဘက်မှ အသံတစ်သံထွက်ပေါ်လာသည်။ စူးမြောင်အာ လှည့်ကြည့်လိုက်ရာ အလင်းကို ကျောပေးပြီး ရပ်နေသော ကျော့ချင်းယွင်ကို တွေ့လိုက်ရသည်။ ကျော့ချင်းယွင်သည် လူကြီးလူကောင်းဆန်ဆန် ဝတ်စုံပြည့်ဝတ်ဆင်ထားသော်လည်းလက်တွေ့တွင် ကောက်ကျစ်ယုတ်မာသော လူ့အမှိုက်သာဖြစ်သည်။

"အန်ကယ်ကျော့ ဒီတစ်ခေါက် ကျော့မိသားစုရဲ့လှုပ်ရှားမှုက မထင်မှတ်ထားလောက်အောင်ပါဘဲလားဗျ"

ယဲ့ချွင်က ကျော့ချင်းယွင်ထံသို့ တစ်လှမ်းချင်း လျှောက်သွားသည်။

ကျော့ချင်းယွင်က ယဲ့ချွင်ကို တစ်ချက်ကြည့်ပြီး အေးအေးလူလူ တုံ့ပြန်သည်။

"ရှောင်ချွင် ဒါက အန်ကယ်တို့ ကျော့မိသားစုရဲ့ အတွင်းရေးကိစ္စပါ...မင်းဝင်မပါရင် ပိုကောင်းလိမ့်မယ်"

ယဲ့ချွင်ကား ပြန်မဖြေချေ။ သိုးရေခြုံထားသော ဝံပုလွေတစ်ကောင်နှင့် အပြန်အလှန် စကားပြောချင်စိတ်မရှိတော့၍ ဖြစ်နိုင်သည်။ ဤအချိန်တွင် ကျော့ရှောင်ချင်း သတိလစ်နေ၍ တော်သေးသည်ဟု ဆိုရလိမ့်မည်။ သို့မှမဟုတ်လျှင် တစ်သက်လုံး လေးစားချစ်ခင်လာရသော ဖခင်ထံမှ အကြင်နာမဲ့သည့် စကားများကို ကြားသွားရလိမ့်မည်။

"ကျော့ချင်းယွင် ခင်ဗျားနဲ့ ကျုပ်ကြားမှာ မဖြေရှင်းရသေးတဲ့ ကိစ္စတချို့ကျန်နေသေးပုံပဲ"

ရုံချီက ဖြူဖျော့နေသော မျက်နှာဖြင့် ဝင်ပြောသည်။

"ခင်ဗျားကိုယ်တိုင် ကျော့ရှောင်ချင်းကို သားကောင်အဖြစ် အသုံးချဖို့ရွေးခဲ့တာပဲ..အဲ့ဒီလိုလုပ်ဖို့အတွက် ကျုပ် ဘယ်တုန်းကမှ သဘောမတူခဲ့ဘူး"

တစ္ဆေသတို့သားWhere stories live. Discover now