Part 52

739 56 0
                                    


အခန်း(၅၂)- တားမြစ်နည်းလမ်း

ကျော့ရှောင်ချင်းကို တစ်ချက်ကြည့်ရုံဖြင့် ဤရက်ပိုင်းအတွင်း ကောင်းစွာ အိပ်ပျော်စားဝင်ခြင်းမရှိကြောင်း သိနိုင်သော်

လည်း သူမက အတင်းအကျပ် ပြုံးရင်း အဆင်ပြေချင်ဟန်ဆောင်နေသည်။

"ဒီမှာနေရတာ မပျော်ဘူးဆိုရင် ဘာဖြစ်လို့

တခြားကို မပြောင်းတာလဲ"

စူးမြောင်အာ၏ အမေးကို ကျော့ရှောင်ချင်းက

ခါးသီးစွာ ပြုံးရင်း ပြန်ဖြေသည်။

"ညီမမှာ ဒီမိသားစုအပြင် တခြားဆွေမျိုးသားချင်း

တွေမရှိကြတော့ဘူး..မေမေအသက်ရှင်နေတုန်းက ဦးလေးက မေမေ့ကို ခိုင်းနွားတစ်ကောင်လို အသုံးချပြီး ကျော့မိသားစုဘက်ကို ငွေညှစ်ခဲ့တယ်လေ..မေမေဆုံးသွားတော့ သူက ညီမကို ခြိမ်းခြောက်ပြီး ငွေညှစ်ချင်နေသေးတာ..

အဲ့တာကြောင့် ဖေဖေက သူနဲ့ အဆက်အသွယ်ဖြတ်ပစ်လိုက်တာပဲ"

စူးမြောင်အာ အတန်ငယ် အံ့သြသွားရသည်။ ကျော့ရှောင်ချင်းတွင် ဤမျှ ဆိုးရွားသော ဆွေမျိုးသားချင်းမျိုးရှိနေလိမ့်မည်ဟု မထင်ထားမိပေ။

"ဒါပေမဲ့ ဖေဖေက ညီမကို ဒီစံအိမ်ကြီးထဲမှာ နေခွင့်ပေးထားတယ်လေ..ညီမ ထွက်သွားရင် သူစိတ်ဆိုးလိမ့်မယ်..ပြီးတော့ သူက ညီမကို လတိုင်း မုန့်ဖိုးပေးတယ်..အဲ့တာက သူ့စိတ်ထဲမှာ ညီမကို သမီးတစ်ယောက်အနေနဲ့ သတ်မှတ်ထားတယ်ဆိုတာကို ပြတာလို့

ညီမတော့ ယုံတယ်..ညီမ ဒီစံအိမ်ကြီးထဲမှာ ရှိနေသရွေ့ ဦးလေးလည်း ဒုက္ခပေးရဲမှာမဟုတ်ဘူး..ညီမ

အရွယ်ရောက်လာပြီး အားကိုးရတဲ့ သမီးတစ်ယောက်ဖြစ်အောင် ကြိုးစားမယ်ဆိုရင် ဖေဖေ ညီမကို ဒီထက်ပိုပြီးသဘောကျလာမှာပါ"

အဆုံးတွင် ကျော့ရှောင်ချင်းက ရိုးသားပွင့်လင်းစွာပြုံးပြသည်။ ကျော့ချင်းယွင်ဘက်မှ သူမကို မည်မျှ

ဥပေက္ခာပြုပါစေ သူမ၏ နှလုံးသားထဲတွင် အဖေအရင်းအဖြစ် အရိုအသေမပျက် လေးစားဆဲဖြစ်ပြီး သူမ၏ တစ်ခုတည်းသော မျှော်လင့်ချက်လည်းဖြစ်သည်။

တစ္ဆေသတို့သားWhere stories live. Discover now