အခန်း(၅၅)-ကုတင်ပေါ်တွင်လူးလှိမ့်ခြင်း
"အစတုန်းကတော့ ကိုယ် အဲ့ဒီကိစ္စကို မတွေးရသေးဘူး..ဒါပေမဲ့ အခု မင်းနဲ့အတူ ကုတင်ပေါ်မှာ လှိမ့်နေရင်းမှပဲ အကြံကောင်းတစ်ခု တွေးမိတော့တယ်..မြောင်မြောင် မင်းက ကိုယ့်အတွက် လာဘ်ကောင်းတဲ့ ကြယ်ပွင့်လေးပဲ"
ရုံချီက ပြုံးပြီး ပြောသည်။ အဖြေကို စိတ်ဝင်တစား စောင့်နေသော စူးမြောင်အာမှာ ရုံချီ၏ ရွှတ်နောက်နောက်စကားကြောင့် စိတ်လေသွားရသည်။
"ရှင် စကားအကောင်းပြောလို့မရဘူးလား"
ရုံချီက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ရိုးသားစွာ ပြန်ဖြေသည်။
"ကိုယ် စကားအကောင်းပြောနေတာပဲလေ..ကိုယ်တို့အခု ကုတင်ပေါ်မှာ လူးလှိမ့်နေကြတာမဟုတ်ဘူးလား"
"အဲ့တာ ရှင် ကျွန်မကို အတင်းလိုက်ဖက်နေလို့လေ"
"မင်း အရင် ကိုယ့်ကို အထင်လွဲသွားတာလေ"
စူးမြောင်အာသည် ရုံချီကဲ့သို့ ဥာဏ်များသော တစ္ဆေကို ပြန်ချေပနိုင်စွမ်းမရှိတော့သည့်အတွက် ပါးစပ်ပိတ်၍သာ နေလိုက်သည်။ နှစ်ဦးတည်းရှိသော အခန်းထဲတွင် တစ်ဦးက နှုတ်ဆိတ်နေခြင်းကြောင့် အင်မတန် စကားများချင်သော တစ္ဆေအိုကြီးခမျာမှာ မနေနိုင်မထိုင်နိုင် လှုပ်ရွလှုပ်ရွဖြစ်လာတော့သည်။
"ဘာဖြစ်လို့ စကားမပြောတော့တာလဲ"
"....."
စူးမြောင်အာ ပြန်မဖြေဘဲ လျစ်လျူရှုထားလိုက်သည်။
"ကိုယ် ဘယ်လိုတွေးမိထားလဲဆိုတာကို မင်းမသိချင် ဘူးလား"
"...."
အနှေးနဲ့အမြန်သိရမှာပဲကို...အခုမသိရလို့ ဘာမှမဖြစ်သွားဘူး အေးဆေးပဲ။
စူးမြောင်အာ ရုံချီကို လျစ်လျူရှုပြီး ဂိမ်းဆော့နေလိုက်သည်။ ဖုန်းမှ ထွက်လာသော တီးလုံးသံဟာအခန်းထဲသို့ ကျယ်လောင်စွာ ပျံ့လွင့်သွားသည်။
"မြောင်မြောင် မင်း ဖုန်းက အဲ့ဒီလိုမျိုး ဆော့လို့ရသေးတာလား..ကိုယ့်ကို သင်ပေးပါအုံး"
YOU ARE READING
တစ္ဆေသတို့သား
Horrorဘာသာပြန်သူ - စွဲညို့အသင်း စူးမြောင်အာက အပနှင်သူတစ်ဦး ဖြစ်ပြီးတော့ မတော်တဆ ကျောက်စိမ်းလည်ဆွဲလေးကို ဝတ်ဆင်မိရာကနေ တစ္ဆေတစ်ကောင်က သူ့နောက်ကို တကောက်ကောက် လိုက်ပြီး ဖလစ်ခြင်းကို ခံရမှာ ဖြစ်ပါတယ်