အခန်း(၇၇)- ဓာတ်ပုံ
"ရုံချီ ရှင်ရော...."
"အင်း ကိုယ်မြင်တယ်..ဒါပေမဲ့ ထားလိုက်ပါ..ဝင်မပါတာ ပိုကောင်းလိမ့်မယ်"
ရုံချီလည်း သူမ မြင်သည့်အတိုင်း မြင်ပုံရသော်လည်း ဝင်မပါရန် ဆုံးဖြတ်ထားသည်။ မနက်ဖြန်တွင် ကျော့မိသားစုနှင့် ချိန်းဆိုထားသော ရက်သို့ ရောက်လာပြီဖြစ်သည့်အတွက် ယနေ့ညကတည်းက ပြင်ဆင်သင့်သမျှကို ပြင်ဆင်ထားမှ တော်ကာကျလိမ့်မည်။
ညနေခင်းတွင် ရုံချီက ယဲ့ချွင်ထံသို့ ဖုန်းခေါ်ပြီး အစီအစဥ်အကြောင်းကို အကြမ်းဖျင်း ရှင်းပြခဲ့သည်။ ယဲ့ချွင်က ကိစ္စမရှိဟုဆိုကာ နားလည်ကြောင်း တုံ့ပြန်ခဲ့သည်။
"ဒါနဲ့ အဲ့ဒီအမျိုးသမီးတစ္ဆေရဲ့ အလောင်းက တောင်ပေါ်မှာဆိုတော့ ကျွန်မတို့ တစ်ခုခု ကြိုပြင်ဆင်ထားဖို့ မလိုဘူးလား"
"ကျော့မိသားစုဘက်က အကုန်အဆင်သင့်ဖြစ်အောင် ပြင်ထားပြီးပြီ..ဘာမှမလိုတော့ဘူး"
မည်သို့ပင်ဖြစ်စေ ကျော့မိသားစု၏ ပြဿနာဖြစ်သည့်အလျှောက် ကျော့မိသားစုဘက်ကသာ စီစဥ်သင့်သည်။ စူးမြောင်အာ ရုံချီကို ခေါင်းညိတ်ပြပြီး ရေချိုးခန်းထဲသို့ ဝင်ခဲ့သည်။ သူမ ရေချိုးပြီး ပြန်ထွက်လာချိန်တွင် ရုံချီက ဆိုဖာပေါ် ထိုင်ကာ တစ်စုံတစ်ခုကို စိတ်ဝင်တစား ကြည့်နေ၏။ သို့သော် သူမကို သတိထားမိသွားသည်နှင့် ရုံချီက ထိုပစ္စည်းကို အံဆွဲထဲသို့ ခပ်မြန်မြန် ပြန်ထည့်ပြီးဆိုဖာပေါ်မှ ထသွားသည်။
အင်းပေါ့ သူ့မှာလည်း လျှို့ဝှက်ချက်ရှိမှာပဲ..မပြချင်ဘူးဆိုတော့ မကြည့်ဘူးပေါ့။
စူးမြောင်အာသည် လူတစ်ဖက်သား၏ လျှို့ဝှက်ချက်ကို စပ်စုတတ်သူမဟုတ်ပေ။ သို့သော် သူမကိုယ်တိုင်ပင် မသိလိုက်ပါဘဲ အံဆွဲနံဘေးတွင် ရစ်သီရစ်သီလုပ်နေမိသည်။ သူမနှင့် ရုံချီတို့ စတွေ့စဥ်ကတည်းက ရုံချီဟာ သူမ၏ မျက်စိရှေ့တွင် ခိုးကြောင်ခိုးဝှက်ဖြင့် ပစ္စည်းဝှက်ဖို့ ဝေးစွ။ ဘယ်တုန်းကမှ ဖုံးကွယ်ခြင်းမပြုဘဲ သူနှင့်ပတ်သတ်သမျှကို အရှိအတိုင်း ပေးသိခဲ့သူဖြစ်သည်။
YOU ARE READING
တစ္ဆေသတို့သား
Horrorဘာသာပြန်သူ - စွဲညို့အသင်း စူးမြောင်အာက အပနှင်သူတစ်ဦး ဖြစ်ပြီးတော့ မတော်တဆ ကျောက်စိမ်းလည်ဆွဲလေးကို ဝတ်ဆင်မိရာကနေ တစ္ဆေတစ်ကောင်က သူ့နောက်ကို တကောက်ကောက် လိုက်ပြီး ဖလစ်ခြင်းကို ခံရမှာ ဖြစ်ပါတယ်