အခန်း(၁၀၀)-မြောင်မြောင်မင်းကိုယ့်ကိုရိုက်တာလား
သူမ၏ ရင်ဘတ်ထဲမှ တင်းကျပ်နေသော ခံစားမှုသည် ရုံချီ သူမကို နမ်းရှိုက်ပြီးချိန်တွင် အတော်လေး လျော့ပါးသွားသည်။ ရုံချီ ပြောသည့်အတိုင်း ဟွမ်ပီကျစ်၏ တိုက်ခိုက်မှုကြောင့် အလောင်းကောင်အခိုးအငွေ့ကို ရှုရှိုက်မိသွားပြီး မအီမသာဖြစ်ခဲ့ခြင်းဖြစ်လိမ့်မည်။ သူမအနေနှင့် ရုံချီကို ကျေးဇူးတင်သင့်သော်လည်း လက်ရှိတွင် ရှက်ရွံ့စိတ်ကသာ ကြီးစိုးနေသည့်အတွက် ဒေါသတကြီး ဆူပူလိုက်သည်။
"ရှင့်မှာ အဲ့ဒီအခိုးအငွေ့တွေကို စုပ်ထုတ်ဖို့ တခြားနည်းလမ်းမရှိတော့ဘူးလား"
ရုံချီက သူမကို မအူမလည် မျက်နှာဖြင့် ပြန်ကြည့်သည်။
"ကိုယ်သိတာဆိုလို့ ဒီတစ်နည်းပဲရှိတယ် ပြီးတော့..."
"ပြီးတော့ဘာဖြစ်လဲ"
ရုံချီက သူမ၏ ကိုယ်ပေါ်တွင် အုပ်မိုးထားဆဲဖြစ်ပြီး မျက်နှာချင်းဆိုင် အနေအထားဖြင့် ငုံ့ကြည့်နေသည်။၎င်းအနေအထားကြောင့် သူမတို့ကြားမှ လေထုက ပိုထူးဆန်းသွားသလို ခံစားရသည်။
"မင်း အတင်းရုန်းနေလို့ ကိုယ် နည်းနည်းပဲ စုပ်ထုတ်လိုက်ရတယ်..အလောင်းကောင်အခိုးအငွေ့တွေက မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ကျန်နေတုန်းပဲ..ကိုယ် မင်းကို ကူညီလက်စနဲ့ ဆက်ကူညီပေးမယ်လေ"
ရုံချီက ရှက်ကိုးရှက်ကန်းပြောသည်။ စူးမြောင်အာအနေနှင့် ရုံချီ၏ အမူအရာကို ထိုသို့ဖော်ပြရန်သာရှိတော့သည်။ အကယ်စင်စစ်ကိုပင် ရုံချီက အဘွားကြီးတစ်ဦးထံမှ ဆူကြိမ်းမောင်းခံနေရသော ဆယ်ကျော်သက်လေးကဲ့သို့ မအူမလည်ရုပ်ဖြင့် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်နေသည်။စူးမြောင်အာမှာ ရုံချီကို ကြည့်ပြီး ပြောစရာစကားပါ ပျောက်ရှသွားရတော့သည်။ရုံချီက သူမ နှုတ်ဆိတ်နေခြင်းကြောင့် သဘောတူသည်အထင်နှင့် တက်ကြွစွာ ဆက်ပြောသည်။
"မြောင်မြောင် ကိုယ် မင်းကို ဆက်ကူညီပေးမယ်နော်..ဒါပေမဲ့ ဒီတစ်ခေါက်တော့ ကိုယ့်ကို နည်းနည်းပါးပါးတုံ့ပြန်ပေးအုံးလေ..ဒီတိုင်းကြီးကျ ကိုယ်လည်း ပျင်းလာရော"
YOU ARE READING
တစ္ဆေသတို့သား
Horrorဘာသာပြန်သူ - စွဲညို့အသင်း စူးမြောင်အာက အပနှင်သူတစ်ဦး ဖြစ်ပြီးတော့ မတော်တဆ ကျောက်စိမ်းလည်ဆွဲလေးကို ဝတ်ဆင်မိရာကနေ တစ္ဆေတစ်ကောင်က သူ့နောက်ကို တကောက်ကောက် လိုက်ပြီး ဖလစ်ခြင်းကို ခံရမှာ ဖြစ်ပါတယ်