Part 43

774 84 0
                                    

အခန်း(၄၃)-မှင်စာပါငိုပြေးသွားရပြီ

မှင်စာလေးသည် ရုံချီ၏ စကားကြောင့် ထိတ်လန့်သွားပြီး အာခေါင်ခြစ်၍ အော်ဟစ်ငိုကြွေးလာတော့သည်။ သူ၏ အသံသည် ဖန်ခွက်ကို ကြောင်လက်သည်းဖြင့် ကုတ်ခြစ်နေသကဲ့သို့ နားစည်ကွဲလုမတတ် စူးလွန်းလှသည်။

"မလိုချင်ဘူး မလိုချင်ဘူး ဘာမှမလိုချင်တော့ဘူး!"

မှင်စာလေးသည် အော်ဟစ်ငိုကြွေးရင်းဖြင့် နေရာမှ လှစ်ခနဲ ထွက်ပြေးသွားတော့သည်။

ဤမြင်ကွင်းသည် ဘယ်နှကြိမ်ကြည့်ပါစေ ဆရာတစ်ဦးက ကြောက်တတ်သော ကျောင်းသားတစ်ဦးကို ဖြဲခြောက်လိုက်ခြင်းနှင့် တထရာတည်းတူနေသည်။

"ရှင် သူ့ကို ခြောက်လိုက်တာလား"

ရုံချီက သူမကို တစ်ချက်လှည့်ကြည့်ပြီး

ပြန်ဖြေသည်။

"ကိုယ် သူ့ကို မခြောက်ပါဘူးနော်"

"..."

ဟုတ်ပါပြီ ဟုတ်ပါပြီ..မရှင်းပြလည်း သိပါတယ်

မှင်စာပြဿနာကို ဖြေရှင်းပြီးသည့်နောက်တွင် ရုံချီသည် ကျော့မိသားစု၏ ဘိုးဘွားခန်းမဆောင်ထဲသို့ လှည့်ပတ်ကြည့်ရှုခဲ့သည်။ရုံချီတစ်ယောက် ဘိုးဘွားခန်းမထဲမှ နံရံများကို အလေးအနက် စိုက်ကြည့်နေပုံဟာ အတိတ်ဖြစ်ရပ်

တစ်စုံတစ်ခုကို စဥ်းစားနေသည့်နှယ်။ စူးမြောင်အာသည် ရုံချီကို

အနှောင့်အယှက်မပေးဘဲ နံဘေးတွင်သာ တိတ်တဆိတ်နေပေးခဲ့သည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ အတန်ငယ် ပျင်းရိလာရသည်။

ထိုအချိန်တွင် ဘိုးဘွားခန်းမဆောင်၏ အပြင်ဘက်မှ ထွက်လာသော ချောင်းဟန့်သံကို ကြားလိုက်ရသည်။ သူမ၏ ဆဋ္ဌမအာရုံအရ အန္တရာယ်တစ်ခု ချဥ်းကပ်လာပြီဖြစ်ကြောင်း ချက်ချင်း သတိပြုမိသွားပြီး အလျင်အမြန် နောက်ပြန်လှည့်ကြည့်လိုက်ရာ ဘိုးဘွားခန်းမထဲသို့ အလုံးအရင်း ပြေးဝင်လာသော အရိပ်မည်းကြီးကို တွေ့လိုက်ရလေသည်။ ထိုအရိပ်မည်းကြီးနှင့်သာ တိုက်မိသွားပါက အသက်မပျောက်လျှင်တောင် အကြီးအကျယ် ထိခိုက်သွားနိုင်ချေရှိသည်။

တစ္ဆေသတို့သားWhere stories live. Discover now