Part 8

1.3K 120 0
                                    

အပိုင်း (၈)- ယွိရှန်းထန်

"ဒီနေရာက အကျယ်ကြီးပဲ... ကျော့ရှစ်အန်းဆိုတဲ့လူကို ဘယ်ကနေ ဘယ်လို စရှာရမှာလဲ"

စူးမြောင်အာတစ်ယောက် ဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်ပြီး စိတ်ဓာတ်ကျစွာ ရေရွတ်လိုက်သည်။ သို့သော် စူးမြောင်အာ ဟိုကြည့်သည်ကြည့် လုပ်နေရင်းဖြင့် အဆောက်အဦးတစ်ခုပေါရှိ ဒစ်ဂျစ်တယ်ဖန်သားပြင်သို့ အကြည့်ရောက်သွားသည်။ ဒစ်ဂျစ်တယ် ဖန်သားပြင်ပေါ်တွင် ကျောက်အရောင်းအဝယ် လုပ်ငန်းကြော်ငြာ နှင့်အတူ ကျော့အဖွဲ့ဥက္ကဋ္ဌ ကျော့ရှစ်အန်းကိုပါ တိုက်တိုက်ဆိုင်ဆိုင် တွေ့လိုက်ရလေသည်။

"ကျော့ရှစ်အန်း"

စူးမြောင်အာသည် ဒစ်ဂျယ်တယ်ဖန်သားပြင်ကို ပါးစပ်အဟောင်းသားဖြင့် ရပ်ကြည့်နေမိသည်။ သူမ၏စိတ်ထဲတွင် ရုံချီလို ရှေးခေတ်တစ္ဆေတစ်ကောင်က ကျော့ရှစ်အန်းလို နာမည်ကြီး ကျောက်လုပ်ငန်းရှင်ကို သိနေလိမ့်မည်ဟု မထင်သည့်အတွက် နာမည်တူခြင်းဖြစ်မည်ဟုသာ ကောက်ချက်ချလိုက်သည်။

"သူပဲ"

ထိုအချိန်တွင် ရုံချီက ခေါင်းတညိတ်ညိတ်လုပ်ပြီးပြောသည်။

"ကျော့မိသားစုမှာ ကျောက်စိမ်းနဲ့ ရှေးဟောင်းပစ္စည်းတွေကို အရောင်းအဝယ်လုပ်တဲ့ ယွိရှစ်ထန်ဆိုတဲ့ ဆိုင်ရှိတယ်မဟုတ်လား"

"ဟုတ်တယ် နာမည်ကြီးပဲလေ"

"သွားရအောင်"

"ဘယ်ကိုလဲ"

"ယွိရှစ်ထန်ကိုပေါ့"

ယွိရှစ်ထန်ကို ဘာသွားလုပ်မလို့ပိုက်ဆံသွားယူမလို့လားနေပါအုံး...သူက ပိုင်ရှင်နဲ့ရော သိလို့လား

မဖြစ်နိုင်ဘူး သူသေသွားတာ ကျားချင်ဘုရင်လက်ထက်ထဲကကို...ကျော့မိသားရဲ့ ယွိရှစ်ထန်ဆိုင်သက်တမ်းက အလွန်ဆုံးမှ အနှစ်ငါးဆယ် ခြောက်ဆယ်လုပ်ပဲရှိသေးတာလေ... ဒါကလုံးဝ မဖြစ်နိုင်တာကြီးပဲ

စူးမြောင်အာ ရုံချီကို တစ်ချက်ပြန်ကြည့်လိုက်သည်။ အနုစိတ် ချည်ထိုးထားသော ဝတ်ရုံရှည်ကို ကော့ကြော့စွာ ဝတ်ဆင်ထားပြီး ကျောက်ရိုင်းပွင့် အသေးစားလေးများ ထည့်ကျစ်ထားသော ကျစ်ဆံမြီးရှည် ဟိုတစ်ချောင်း သည်တစ်ချောင်းနှင့် ရုံချီ့ပုံစံက ခေတ်သစ်ဝတ်စားဆင်ယင်မှုပုံစံနှင့် အလွန်ကွဲပြားနေသည်။

တစ္ဆေသတို့သားWhere stories live. Discover now