Part 53

669 50 0
                                    


အခန်း(၅၃)-ပြောင်းလဲသတ်မှတ်မှု

"မဟုတ်သေးပါဘူး ကျော့မိသားစုအတွက် ဖုန်းရွှေချိပ်စည်းကို နောက်တစ်ကြိမ် ပြန်စီမံပေးရင် အန္တရာယ်ရှိတာမရှိတာထားပါ.. ဘာပဲဖြစ်ဖြစ် ရှင်က သေပြီးသားပဲလေ..အသက်ရှင်နေတဲ့ လူတစ်ယောက် ထိခိုက်နာကျင်ရသလိုမျိုးတော့ ရှင် ခံစားရမှာမဟုတ်ဘူးမဟုတ်လား"

စူးမြောင်အာ ခေါင်းရှုပ်သွားရသည်။

"မင်းက တကယ့်ငတုံးမလေးပဲ"

ရုံချီက ဆိုဖာပေါ်တွင် မှီထိုင်ရင်း သူမကို ခပ်ပြုံးပြုံးလေး ကြည့်နေသည်။ သို့သော် သူ၏ မျက်လုံးထဲတွင် ရှုပ်ထွေးမှု အရိပ်အယောင်များ စွဲထင်နေဆဲဖြစ်သည်။

"မင်းပြောသလိုပဲ ကိုယ်က သေပြီးသားမို့ ဘာမှ ကြီးကြီးမားမား မထိခိုက်နိုင်ဘူးဆိုရင်တောင်မှ ဒီလိုသဘာဝကို လွန်ဆန်နေတဲ့ လုပ်ရပ်မျိုးက ကိုယ်နဲ့ အနီးနားမှာ ရှိနေတဲ့ လူတွေကိုပါ သက်ရောက်မှု ရှိနိုင်တယ်..အခုပဲကြည့်လေ မင်းက ကိုယ်နဲ့ အရင်းနှီးဆုံးမဟုတ်လား..နှစ်ဖက် အားပြိုင်လာတဲ့အခါ တစ်ဖက်ကို ကာကွယ်ဖို့အတွက် တစ်ဖက်ကို လက်လွှတ်မှရမယ်..နှစ်ဖက်စလုံးကို ကိုယ့်တစ်ယောက်ထဲရဲ့ အင်အားနဲ့တော့ ဘယ်မှာ ကာကွယ်နိုင်ပါ့မလဲ"

ရုံချီကို လွန်ဆွဲနေသော အရာမှာ တစ်ဖက်တွင် သူနှင့် ရင်းနှီးသော မိတ်ဆွေများရှိကြပြီး ကျန်တစ်ဖက်တွင်မူ ကျော့မိသားစုရှိနေခြင်းဖြစ်သည်။ ရပ်တည်မှု နှစ်ဖက် အားပြိုင်လာချိန်တွင် တစ်ဖက်ကိုသာ အပြည့်အဝ ကာကွယ်နိုင်စွမ်းရှိသည့်အတွက် ဟိုးယခင်ကတည်းက သေရေးရှင်ရေးတမျှ အရေးကြီးသော ကိစ္စမှလွဲလျှင် တားမြစ်နည်းလမ်းကို ဘယ်သောအခါမှ အသုံးမပြုရန် ဖုန်းရွှေအဖွဲ့အစည်းတွင် စည်းကမ်းသတ်မှတ်ခဲ့ကြသည်။ တာအိုဘာသာကို ကျင့်ကြံသူများ ရင်ဆိုင်ရသော ဒုက္ခငါးပါးကဲ့သို့ပင် ယင်ယန်စွမ်းအားကို

ပြောင်းပြန်လှန်နိုင်သည့် အစွမ်းတစ်မျိုးရှိလာသည့်အခါ ဘုရားသခင်က မကောင်းသော ငြိတွယ်ရာတစ်မျိုးကို နှုတ်ယူသွားပေလိမ့်မည်။

တစ္ဆေသတို့သားWhere stories live. Discover now