Part 48

887 72 1
                                    

အခန်း(၄၈)-ချက်လက်မှတ်

စူးမြောင်အာ ဖုန်းချလိုက်သည်နှင့် သူမ၏ နံဘေးသို့ရောက်နေသော ရုံချီကို ဗြုန်းခနဲ မြင်လိုက်ရသည်။ကျင့်သားရနေခြင်းကြောင့်သာမဟုတ်ပါက လန့်ပြီး လိပ်ပြာပါ လွင့်သွားလောက်သည်။

"ဘာတွေလာကြည့်နေတာလဲ"

စူးမြောင်အာ အိပ်ရာထဲမှ ပျင်းရိစွာ ထလိုက်သည်။ ဤရက်များအတွင်း ရုံချီနှင့် တစ်ခန်းတည်း အတူအိပ်ခဲ့သော်လည်း ရုံချီရှေ့တွင် အဝတ်အစားလဲရန် အလွန်

ရှက်ရွံ့နေဆဲဖြစ်သည်။ ထို့အပြင် အိပ်လိုက် နိုးလိုက်ဖြင့် တစ်ရက်တာလုံးကို ဖြတ်သန်းခဲ့ရခြင်းကြောင့် တစ်ကိုယ်လုံး နုံးချိနေသည့်အတွက် ရေချိုးရန် ဆုံးဖြတ်လိုက်သည်။

သို့သော် နံရံများမှတဆင့် ဖြတ်သန်းသွားလာနိုင်သော

တစ္ဆေအိုကြီးတစ်ကောင်ကို ရုတ်တရက် သတိရသွားပြီး သတိလှမ်းပေးလိုက်သည်။

"ရုံချီ ကျွန်မ ရေချိုးလိုက်အုံးမယ်..ရှင် လုံးဝ လုံးဝ

မချောင်းကြည့်ရဘူးနော်..ချောင်းကြည့်လို့ကတော့ ကျွန်မတို့ကြားမှာ

ဘယ်လိုသဘောတူညီထားတာပဲ

ရှိနေပါစေ ကျွန်မ ရှင့်ကို တစ်သက်လုံး အခေါ်အပြောလုပ်တော့မှာမဟုတ်ဘူး "

ရုံချီက ဟွန့်ခနဲ နှာခေါင်းရှုံ့ပြီး ပြန်ဖြေသည်။

"ဝါးခြမ်းပြားကြီးပဲကို ဘာများ

စိတ်ဝင်တစားကြည့်စရာရှိလို့လဲ"

"ရှိရှိမရှိရှိ ကျွန်မ ရှင့်ကို သတိပေးပြီးသွားပြီနော်"

စူးမြောင်အာသည် ရုံချီ၏ ဝေဖန်နိုင်စွမ်းကို လက်

မြှောက်အရှုံးပေးပြီး ရေချိုးခန်းထဲသို့ ဝင်လာခဲ့တော့သည်။ ရေချိုးပြီးနောက် ကုတင်ဘေးတွင် အားသွင်းထားသော ဖုန်းကို ဖြုတ်ပြီး သူမရှိရာသို့ ယူလာပေးသော ရုံချီကို တွေ့လိုက်ရသည်။

"ကျော့ချင်းယွင်ကို ဖုန်းဆက်ပြီး ဘဏ်ကတ်ထဲကို

ပိုက်ဆံလွှဲခိုင်းလိုက်တော့..အရင်တစ်ခေါက်တုန်းက ပိုက်ဆံလိုတဲ့အချိန် ရွှေရောင်းပြီး သုံးတာ စျေးအနှိမ်ခံရတယ်..အဲ့တာကြောင့် ဘဏ်ကတ်ထဲကိုပဲ ငွေသားလွှဲခိုင်းလိုက်..

တစ္ဆေသတို့သားWhere stories live. Discover now