Part 49

828 67 0
                                    

အခန်း(၄၉)-ကိုယ့်အပိုင်ကမင်းအပိုင်ပဲ

ချက်လက်မှတ်ပေါ်မှ ကိန်းဂဏန်းများကို ရေတွက်ပြီးသည့်နောက်တွင် စူးမြောင်အာ

တစ်ယောက် မျက်လုံးပြူးသွားရတော့သည်။ ငွေပမာဏကား ယွမ်ဆယ်သန်းအတိအကျပင်ဖြစ်သည်။

ကျော့မိသားစုဘက်က ရုံချီကို ယွမ်ဆယ်သန်းတောင်ပေးတာလား!

စူးမြောင်အာ ဘယ်လိုနည်းနှင့်မှ မယုံနိုင်။ ပါးစပ်အဟောင်းသားဖြင့် နောက်တစ်ကြိမ် ရေတွက်ကြည့်လိုက်သည်။ ကျော့ချင်းယွင်က စူးမြောင်အာကို စိတ်တိုင်းကျ စစ်ဆေးစေပြီး အတန်ငယ်ကြာမှ စကားစလာသည်။

"ဒီထဲက အပိုငွေတချို့က ရုံသခင်လေးအပေါ် ကျော့မိသားစုရဲ့ အလေးထားမှုကို ပြချင်တဲ့ သဘောပါပဲ"

စူးမြောင်အာသည် ယွမ်ဆယ်သန်းတန်ကြေးရှိသော

ချက်လက်မှတ်ကို ရူးနှမ်းနေသူတစ်ဦးကဲ့သို့ အချိန်အတန်ကြာ မမှိတ်မသုန် စိုက်ကြည့်နေပြီးမှ ယောင်ဝါးဝါး ရေရွတ်လိုက်သည်။

"အတုကြီးတော့မဟုတ်ပါဘူးနော်"

"စူးမိန်းကလေး အတွေးလွန်နေပါပြီ"

ကျော့ချင်းယွင်က ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။ စူး

မြောင်အာ၏ ဘဝတစ်လျှောက်လုံးတွင် ယွမ်ဆယ်သန်းဟူသော ငွေပမာဏကို မျက်မြင်ကိုယ်တွေ့ မမြင်ဖူးခဲ့ချေ။

ရူးတယ်လို့ထင်ရင်လည်း ထင်လိုက်ကြပါတော့..

"ရုတ်တရက်ကြီး အရမ်းယဥ်ကျေးပြပြီး ပြောစရာတောင်မလိုဘဲ ပိုက်ဆံတွေ

ထုတ်ပေးနေတာက တစ်ခုခုတော့တစ်ခုခုပဲ"

ရုံချီက သူမ၏ နားရွက်အနားသို့ ကပ်ပြီး လေသံတိုးတိုးဖြင့် သတိပေးသည်။ ထိုအချိန်မှသာ စူးမြောင်အာ အသိစိတ်ပြန်ကပ်ပြီး ချက်လက်မှတ်ကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။

"ကျော့လူကြီးမင်း ဒီနေ့ ကျွန်မတို့ရဲ့ အိမ်အထိရောက်လာရတာက ဒီကိစ္စတစ်ခုထဲကြောင့်တော့ မဖြစ်နိုင်ဘူး

ထင်တယ်"

"စူးမိန်းကလေးပြောတာ အမှန်ပါပဲ..

တစ္ဆေသတို့သားWhere stories live. Discover now