Part 45

793 80 0
                                    

အခန်း(၄၅)-သွေးဆောင်ဖြားယောင်းမှု

စူးမြောင်အာသည် ရုံချီနှင့် ယဲ့ချွင်တို့ကြားတွင် ပဲလှော်ကြားဆားညပ်သလိုဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် အနှီယောကျာ်းသားနှစ်ဦးစလုံးသည် တစ်ဦးကို တစ်ဦး လုံးဝ ယုံကြည်မှုမရှိကြချေ။ သူတို့နှစ်ဦးကြားတွင် ရပ်နေသော စူးမြောင်အာသည် ရုံချီကို ကြည့်လိုက် ယဲ့ချွင်ကို ကြည့်လိုက်နှင့် ဘာလုပ်ရမှန်းမသိဖြစ်နေပြီး နောက်ဆုံးတွင် ပါးစပ်ပိတ်၍သာ အဝေးသို့

ကြည့်နေလိုက်တော့သည်။

"ငါ့မှာလည်း ငါ့အခက်အခဲနဲ့ငါရှိတယ်..ငါသေ

သွားတဲ့အချိန်ကိုပဲ တွက်ကြည့်ပါလား..လွန်ခဲ့တဲ့ အနှစ်နှစ်ရာတုန်းကလေ..မင်းဘာသာမင်း ယုံချင်ယုံ မယုံချင်နေ ..မယုံဘူးဆိုရင်တော့ ဘာမှဆက်ပြောစရာမလိုဘူး"

နောက်ဆုံးတွင် ရုံချီက ပြတ်ပြတ်သားသား တုံ့ပြန်လာသည်။ မည်သို့ပင်ဖြစ်စေ ရုံချီပြောသည့် စကားက အမှန်ဖြစ်သည်။ သူသည် လွန်ခဲ့သည့် အနှစ်နှစ်ရာကတည်းက သေဆုံးခဲ့သူဖြစ်သည့်အတွက် လက်ရှိအချိန်တွင်

အမှီမလိုက်နိုင်သေးသော အရာများစွာရှိသည်။

ယဲ့ချွင်နှင့် တစ္ဆေထိန်းဆရာများကြားတွင် ရန်ငြှိုးရန်စရှိကြောင်း ပိုထင်ရှားလာသည်။

"ဘာနဲ့မှ ညှိနှိုင်းလို့မရတဲ့ အမုန်းတရားတစ်ခုပဲ"

ယဲ့ချွင်က ဆေးလိပ်သောက်နေခြင်းကို ရပ်ပြီး အေးတိအေးစက် ပြန်ဖြေသည်။

ညဥ့်အမှောင်ထုအလယ်တွင် ယဲ့ချွင်၏ မျက်ဝန်းထဲမှ အရိပ်အယောင်များကို အဓိပ်ပါ

ယ်ဖော်ရန် ခဲယဥ်းလှပေသည်။ ယဲ့ချွင်သည် ပေါ့ပေါးပါးပါးရှိသော အဝတ်အစားများကို ဝတ်ဆင်ထားခြင်းဖြစ်ပြီး လေစိမ်းများ တိုက်ခတ်နေသော်လည်း ချမ်းတုန်နေခြင်းမရှိဘဲ ဘာမှမမှုသည့်ဟန် ဖြောင့်မတ်စွာ ရပ်နေသည်။ ထို့အတူ ဆံကျစ်ရှည်လေးနှင့် ရှေးခေတ်ဝတ်ရုံရှည်ကို သေသပ်စွာ ဝတ်ဆင်ထားသော ရုံချီ၏ အနှိုင်းမဲ့ ချောမောမှုကို ညဥ့်အမှောင်ထုကပင် ဖုံးကွယ်နိုင်စွမ်းမရှိပေ။ သို့တမျှ ရုပ်ရည်ချောမောသော ထောင်ထောင်မောင်းမောင်း ယောကျာ်းသားနှစ်ယောက်ကြားတွင် ကုတ်အကျီထူထူကြီးကိုခြုံပြီး ရပ်နေသော စူးမြောင်အာမှာ ကိုယ့်ကိုယ့်ကိုယ် သနားစိတ်ဝင်သွားရသည်။

တစ္ဆေသတို့သားWhere stories live. Discover now