အခန်း(၄၀)-အမေအဖြစ်လက်ခံပါ
နောက်ဆုံးတွင် စူးမြောင်အာသည် သူမကို စနောက်ချင်နေသေးသော ဦးလေးဖြစ်သူကို အခန်းထဲမှ အတင်းမောင်းထုတ်ပြီး တံခါးပိတ်ပစ်လိုက်သည်။ နောက်ဆုံးတွင် ကုတင်ပေါ်သို့ လှဲချပြီး မျက်နှာကြတ်တွင် လှပစွာ တပ်ဆင်ထားသော မီးဆိုင်းကြီးနှင့် မျက်နှာချင်းဆိုင်လိုက်သည်။
"ကျွန်မကို မှင်စာလေးရဲ့ အမေလုပ်ခိုင်းတာ ဘယ်သူပါလိမ့်... ပုန်းမနေနဲ့တော့ အခုထွက်လာခဲ့"
"မြောင်မြောင် အဲ့ဒီလို ကတိပေးလိုက်မှ သူ လမ်းဖယ်ပေးမှာပေါ့"
နောက်ဆုံးတွင် အခန်းထဲသို့ ရုံချီရောက်လာသည်။
"အဲ့ဒီတုန်းက ကျွန်မတို့ရဲ့ လမ်းမှာ တစ်ခုခုပေါ်လာမယ်ဆိုတာကို ရှင်ကြိုသိနေတာလား"
စူးမြောင်အာ လှဲနေရာမှ ထထိုင်ပြီး မေးလိုက်သည်။
ရုံချီက ခေါင်းညိတ်ပြသည်။ သူ၏ မျက်လုံးနှင့် နားများသည် သာမန်လူများထက် အဆပေါင်းများစွာ အားကောင်းကြောင်းကို စူးမြောင်အာ သိနှင့်ပြီးသားဖြစ်သည့်အတွက် အထူးတလည် ဖုံးကွယ်မနေတော့ချေ။
"ဒါဆိုရင် ရှင် တစ်ခုခု ထူးဆန်းတာများ မတွေ့လိုက်ဘူးလား... ပြောရရင် ကျော့မိသားစုထဲက တစ္ဆေတွေက အရမ်းထူးဆန်းတာပဲ... ထပ်မပေါ်လာသေးတဲ့ တစ္ဆေတွေကို ထားလိုက်အုံး... အခုတွေ့လိုက်ရတဲ့ တစ္ဆေသုံးကောင်နဲ့တင် တော်တော် စဥ်းစားစရာဖြစ်နေပြီ... သူတို့ရဲ့ အဝတ်အစားတွေက ဒီဘက်ခေတ် အဝတ်အစားတွေ မဟုတ်ဘူး အဲ့တာကြောင့် ကျွန်မအထင်တော့... ."
"မင်းကဘာထင်လို့လဲ"
ရုံချီက သူမ၏ အရှေ့တွင် ရပ်ပြီး လခြမ်းကွေးလေးကဲ့သို့ ကိုယ်ကို ကိုင်းညွတ်ကာ သူမကို စိတ်ဝင်တစား စိုက်ကြည့်နေသည်။
စူးမြောင်အာသည် ထိုသို့ အကြည့်ခံနေရခြင်းကြောင့် ရုတ်တရက် ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး ပြန်မပြောတတ်တော့ချေ။ သူမသည် အချိန်တိုင်းလိုလို ရုံချီလို တစ္ဆေအိုကြီးထက် ပိုဥာဏ်ကောင်းသည်ဟု ခံယူထားသော်လည်း ဤတစ်ကြိမ်တွင်တော့ အရှုံးပေးလိုက်ရသည်။
YOU ARE READING
တစ္ဆေသတို့သား
Horrorဘာသာပြန်သူ - စွဲညို့အသင်း စူးမြောင်အာက အပနှင်သူတစ်ဦး ဖြစ်ပြီးတော့ မတော်တဆ ကျောက်စိမ်းလည်ဆွဲလေးကို ဝတ်ဆင်မိရာကနေ တစ္ဆေတစ်ကောင်က သူ့နောက်ကို တကောက်ကောက် လိုက်ပြီး ဖလစ်ခြင်းကို ခံရမှာ ဖြစ်ပါတယ်