Part 41

784 76 0
                                    

အခန်း(၄၁)-ဇနီးတစ်ယောက်တော့လိုနေပြီ

"သွေးကို ဒီအတိုင်း အလဟဿဖြုန်းပစ်ရင် နှမြောဖို့ကောင်းတယ်လေ"

ရုံချီက သူမကို မော့ကြည့်ပြီး ပြောသည်။ ရုံချီ၏ နှုတ်ခမ်းစွန်းတွင် သွေးစက်အချို့ စွန်းပေသွားသော်လည်း အရိုင်းဆန်စွာ ကြည့်ကောင်းနေဆဲဖြစ်သည်။ သို့နှယ် ရုပ်

ရည်မျိုးဖြင့် ပြုံးစစလေးလုပ်နေပုံက စူးမြောင်အာ၏ နှလုံးသားကို လှုပ်ခါနိုင်ခဲ့ပြီး တဒဂ်မျှ လောကကြီးတစ်ခုလုံး ရပ်တန့်သွားသယောင်ပင်။

" သွေးသောက်ရတာကို ဘာဖြစ်လို့ ဒီလောက်တောင် သဘောကျရတာလဲ"

စူးမြောင်အာသည် အပြည့်အဝ

သွေးတိတ်သွားသော သူမ၏ လက်ချောင်းကို ကြည့်ပြီး တိတ်တဆိတ် ရေရွတ်လိုက်သည်။

"အကျင့်ဖြစ်နေလို့ပါ.. ဒါပေမဲ့ မင်း စိတ်မပူနဲ့နော် ကိုယ်က သွေးသောက်တဲ့ နေရာမှာ

ဇီဇာကြောင်တယ်..တွေ့ကရာလူရဲ့ သွေးကို သောက်တာမျိုး လုံးဝမလုပ်ဘူး"

ရုံချီက သူမ၏ လက်ကို ပြန်လွှတ်ပြီး စောင်ခြုံပေး

သည်။ သူ၏ အပြုအမူသည်

အလေ့အကျင့်ဖြစ်နေသကဲ့သို့ စေ့စပ်သေချာမှုရှိသည်။

"တစ်နေ့ကျ ကျွန်မ သွေးတွေ ခမ်းခြောက်သွားတဲ့

အထိတော့ ရှင်မသောက်လောက်ပါဘူးနော်"

စူးမြောင်အာသည် ထိုစကားကို ပြောပြီးပြီးချင်းတွင် ရုံချီက

လူသားတစ်ဦးမဟုတ်ကြောင်း ရုတ်တရက် ပြန်

အမှတ်ရသွားသည်။

"ကိုယ်က မင်းအပေါ် ဘယ်လိုလုပ် အဲ့ဒီလို လုပ်ရက်မှာတဲ့လဲ"

ရုံချီ၏ အသံသည် အားပြတ်နေသူကဲ့သို့ တိုးဖျော့

သွားသည့်အတွက် စူးမြောင်အာတစ်ယောက် မနည်းနားထောင်လိုက်ရသည်။

"အိပ်တော့..နိုးလာရင် လုပ်စရာတွေရှိသေးတယ်"

"ကျွန်မအိပ်မပျော်ဘူး"

ရုံချီ၏ မျက်ဝန်းနက်များကို သူမ၏ ခပ်ဝိုင်းဝိုင်း မျက်ဝန်းတစ်စုံဖြင့် စိုက်ကြည့်ပေးလိုက်သည်။ ဤညမျိုးတွင် သူမအနေနှင့် အဘယ်မှာ စိတ်ဖြောင့်လက်ဖြောင့် အိပ်ပျော်နိုင်ပါအံ့။ ရုံချီက ကုတင်နံဘေးရှိ ဆိုဖာပေါ်တွင် ထိုင်ချပြီး နားလည်ရခက်သော အပြုံးမျိုးဖြင့် ပြုံးပြသည်။

တစ္ဆေသတို့သားWhere stories live. Discover now