Part 22

1K 100 0
                                    

အခန်း (၂၂)-အပနှင်သူများ

မကြာမီတွင် ယဲ့ချွင်မောင်းနှင်လာသော ကားသည် ကျော့မိသားစု၏ ခြံဝင်းရှေ့သို့ ရောက်မှန်းမသိ ရောက်လာသည်။ အသင့်စောင့်နေသော လုံခြုံရေးဝန်ထမ်းက ကားပါကင်ထိုးရမည့်နေရာကို ညွှန်ပြပေးသည်။

"အန်ကယ်ကျော့"

ယဲ့ချွင်က ကားပေါ်မှ ဆင်းပြီးသည်နှင့် ယဥ်ကျေးစွာနှုတ်ဆက်သည်။

"အေး စောလှချည်လားကွ"

"ကျွန်တော်နဲ့အတူ မိတ်ဆွေတစ်ယောက်ကိုပါ ဝင်ခေါ်လာတာမို့လို့ပါ"

"အန်ကယ် ဒါ ကျွန်တော့်ရဲ့ အတန်းဖော်...စူးမြောင်အာလို့ခေါ်ပါတယ်"

"တွေ့ရတာ ဝမ်းသာပါတယ် လူကြီးမင်းကျော့"

စူးမြောင်အာလည်း သူမအရှေ့မှ ပုဂ္ဂိုလ်ကို ယဥ်ကျေးစွာ အရိုအသေပေးလိုက်သည်။ ထိုလူသည် ဝတ်စုံပြည့် ဝတ်ဆင်ထားပြီး တောက်ပြောင်နေသော လယ်သာဖိနပ်တစ်ရံကို စီးထားသည်။ အရွယ်အားဖြင့် အသက်ငါးဆယ်ဝန်းကျင်ဖြစ်သော်လည်း တစ်ချက်ကြည့်ရုံဖြင့် အရွယ်တင်နေဆဲ လူကြီးလူကောင်းတစ်ဦးဖြစ်ကြောင်း မြင်နေရသည်။

"ကျော့ချင်းယွင်လေ"

ရုံချီက သူမ၏ နားရွက်အနားသို့ ကပ်ပြီး သတိပေးသည်။ ထိုအချိန်မှသာ စူးမြောင်အာသည် သူမအရှေ့မှ ပုဂ္ဂိုလ်က လူကြီးလူကောင်းဆန်သည်ဟု ထင်ရသော်လည်း နောက်ကွယ်တွင် မရိုးရှင်းသော လုပ်ငန်းများကို ကြိုးကိုင်နေသူတစ်ဦးဖြစ်ကြောင်း သတိချပ်မိသွားသည်။

စူးမြောင်အာသည် ကျောက်ချင်းယွင်ကို ကြည့်ပြီး စိတ်ထဲတွင် လှောင်ရယ်လိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် ကျောက်ချင်းယွင်က သူမ၏ မျက်နှာကို သာမန်ကာလျှံကာမျှ ကြည့်ပြီးသည့်နောက်တွင် လည်ပင်း၌ ဆွဲထားသော လခြမ်းကျောက်စိမ်းပေါ်သို့ အကြည့်ရောက်သွားပြီး သိသိသာသာ မျက်နှာပျက်ယွင်းသွားခြင်းကြောင့်ပင်။ ကျောက်ချင်းယွင်နှင့် ယဲ့ချွင်တို့ စကားစမြည်ပြောနေချိန်တွင် ကားပါကင်ထဲသို့ ကားအချို့ရောက်လာသည်။ ကျော့ချင်းယွင်သည် ထိုလူများကို ကြိုဆိုရန် ကားပါကင်တွင် စောင့်နေပုံရသည်။ အသစ်ရောက်လာသူများကို စူးမြောင်အာ အတန်ငယ် စူးစမ်းကြည့်လိုက်ချိန်တွင် ကားပေါ်မှ ပထမဆုံး ဆင်းလာသူကြောင့် ကြက်သေသေသွားရလေသည်။ ထိုလူကား အခြားသူမဟုတ် သူမ၏ ချစ်လှစွာသော ဦးလေးအရင်းခေါက်ခေါက် စူးတာ့ဖြစ်နေသည်။ သူက ကြိုးကြာငှက်ပုံစံ ချည်ထိုးထားသော အဖြူရောင်အကျီကို လူချမ်းသာတစ်ဦးကဲ့သို့ ဝတ်ဆင်ထားသည်။

တစ္ဆေသတို့သားWhere stories live. Discover now