Chapter 52

1.2K 106 0
                                    

အပိုင်း (၅၂)

လီယွမ်မှာ သူ့ညီမလေး ထိုသို့ ပြောလိုက်သံကို ကြားလိုက်ရပြီး သူ(မ)အနောက်ကနေ ရေလိုက်၊ ငါးလိုက် လိုက်တော့သည်။

“ဟုတ်တယ် ငါတို့ယုန်လေးနဲ့ မကစားတော့ဘူး”

ဖြစ်စဉ်တစ်ခုလုံးကို ကြည့်နေသည့် လျို့မန်မှာတော့ : “....” ဝံပုလွေပေါက်စ၊ ဒီမှာ နင်က လက်သည်ဆိုတာ သူတို့ သိပါ့မလား?

ကလေးမလေး၏ အလိုလိုက်အကြိုက်ဆောင်ခြင်းကို ခံနေရသည့် ထီကျစ်မှာ မျက်လုံးလေးများထဲတွင် အပြုံးရိပ်လေးများဖြင့် သူ(မ)အား တစ်ဖန်ထပ်၍ ပွတ်သပ်နေပြန်၏။

“အာဝူးး~~”

ရွယ်ယန်က ထီကျစ်အား ယခင်ကအတိုင်း ကောက်မလိုက်သော်လည်း သူ(မ) အဖန်တလဲလဲ ကြိုးစားသည့်တိုင် မ,လို့မရကြောင်း သိလိုက်ရပြီး မတတ်နိုင်သည့်အဆုံး ထီကျစ်၏ခေါင်းလေးကိုသာ ပုတ်ပေးလိုက်သည်။

“ဘာမှမဖြစ်ဘူး ထီကျစ်၊ ငါတို့ နင်နဲ့ ကစားပေးမှာ၊ ယုန်လေးကို ဂရုမစိုက်တော့ဘူးနော်”

ခံရသူ ယုန်ငယ်လေး : “..."
ကျေးဇူးတင်ပါတယ်လို့!

အမေလီက အသံများကြား၍ ရောက်လာကာ ဤမြင်ကွင်းအား မြင်လိုက်ရပြီး သူ(မ)သည်လည်း ကလေးများကြောင့် သဘောတကျ ဖြစ်ရတော့သည်။ သူ(မ)က ရွယ်ယန်အရှေ့တွင် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး

“ကလေးလေး သမီးက ထီကျစ်နဲ့ အရမ်းရင်းနှီးတာပဲလား"

ရွယ်ယန်က ပြတ်သားစွာ ခေါင်းညိတ်ပြလာ၏။

“ထီကျစ်က အားယန်ရဲ့ အကောင်းတကာ့အကောင်းဆုံး သူငယ်ချင်း!”

လီယွမ်မှာ မပျော်မရွှင် ဖြစ်လာတော့သည်။

“အားယန် ငါကျတော့ရော”

ကလေးမလေးကို လက်များချိုးကာ တစ်ခဏ စဉ်းစားနေပြီးမှ

“ထီကျစ်က အကောင်းဆုံး၊ ပြီးရင် ကျယ်ကျဲနဲ့ နျန်နျန်၊ လင်းဟန်ကောကော၊ သာ့ကောကော၊ ရှောင်ကျစ်ကောကော၊ ရှောင်ကျဲကောကော..."
လီယွမ် : “တော်... တော်လောက်ပြီ!"
သူက တကယ်တော့ နောက်မှာပါပဲလေ!

ရွယ်ယန်က နာခံစွာဖြင့် ရပ်တန့်လိုက်သည်။

“အို့”

သို့သော် သူ(မ)စိတ်ထဲတွင်တော့ ကလေးမလေး တွေးနေသည်မှာ မူကြိုက သူငယ်ချင်းလေးများအား သူ(မ) မရေရသေးဘူးဟု!

အမေလီမှာ ရယ်ချင်နေပြီး သူ(မ)၏ နတ်ဆိုးပေါက်စလေးတွင် ယခုလိုနေ့မျိုး ရှိလာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။

လျို့မန်မှာတော့ အနည်းငယ် ရှက်နေမိသည်။ သူ(မ)တို့၏ကလေးကိုက အရိုသေတန်လွန်းတာ!

သူ(မ)က ခြောက်ကပ်ကပ် ချောင်းဟန့်ပြီး

“မစ္စလီ ကျွန်မ ကလေးတွေကို အရင် အိမ်ပြန်ခေါ်သွားလိုက်ပါအုံးမယ်၊ ကလေးရဲ့အကိုတွေအမတွေက အိမ်မှာပဲ ရှိနေ‌တုန်းဆိုတော့လေ”

အမေလီက ပြုံးကာ လက်ဝှေ့ယမ်းပြလာ၏။

“သွားလေ၊ နောက်တစ်ခါကျ ကျွန်မအိမ်မှာ ကလေးတွေကို ညစာလာစားခိုင်းလှည့်ပါအုံး၊ ကျွန်မတို့ ထီကျစ် (စပျစ်သီး) တွေ အများကြီး ဝယ်ထားတယ်”

ရွယ်ယန်လေးက စပျစ်သီးကို အရမ်းချစ်ဖို့ကောင်းအောင် စားတတ်တာ။

ထီကျစ်တစ်ယောက် ကူကယ်ရာမဲ့စွာဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ရွယ်ယန်လေးက ထီကျစ်‌ရှေ့မှာပဲ ထီကျစ် (စပျစ်သီး) ကို စားပြတော့မယ်ပေါ့!

ရွယ်ယန်သည်လည်း လက်များကို ဝှေ့ယမ်းပြလိုက်သည်။

“ကျေးဇူးတင်ပါတယ် အန်တီ! တာ့တာ!”

ရွယ်ယန်အိမ်ရှိ စာကြည့်ခန်းထဲတွင် လူအချို့ ဆွေးနွေးနေကြ၏...

ချီလင်းဟန်က မျက်မှောင်ကြုတ်ကာ ဆိုလာ၏

“ငါတို့ အရင်က မပြင်ဆင်ထားခဲ့ကြပေမယ့် အခုတော့ သူ ဘာလုပ်ဖို့ ကြံနေသလဲဆိုတာ ကြည့်ကြတာပေါ့”

“သူ” ဆိုသည်မှာ သဘာဝအတိုင်း လုယွင့်လင်ကို ရည်ညွှန်းခြင်းပေ။

ချောင်းကျဲက ရှန်နျန်အား လှည့်ကြည့်လိုက်ပြီး အသံတို့က နူးညံ့ညင်သာလျက်သားဖြင့်။

“အခု လုယွင့်လင်ရဲ့စကားတွေကို စကားတွေကို မယုံနဲ့တော့၊ ဖြစ်နိုင်ရင် သူနဲ့ဝေးဝေးသာနေ”

ရှန်နျန်သည်တော့ သူ့အား စေ့စေ့ပင် မကြည့်ရဲချေ။

“အမ်း”

ယဲအန့်နင်၏အကြည့်တို့က ထိုလူနှစ်ယောက်ကြားထဲ ရောက်သွား၏။

“ငါ နင်တို့ကို ပြောလိုက်ပါအုံးမယ်၊ နင်တို့နှစ်ယောက်ကြားမှာ ဆက်ဆံရေးကောင်းရှိတယ်ဆိုတာ ငါတို့အကုန်လုံး သိထားပြီးသား၊ နင်တို့တွေ လက်ရှိအသက်အရွယ်ကိုလည်း ခေါင်းထဲ ထည့်လို့ရမလား”

သူတို့အားလုံး နှစ်ဆယ်ကျော်အရွယ် လူကြီးများဖြစ်ကြသော်လည်း ရှန်နျန်၏ကိုယ်မှာ ရှစ်နှစ်သာ ရှိသေးသည်လေ!

ရှစ်နှစ်နော် ရှစ်နှစ်!!!

ချောင်းကျဲနှင့် ရှန်နျန် : “...”

ရွယ်ကျစ်က ပျင်းတွဲစွာဖြင့် အကြောအချဉ်ဆန့်လိုက်ပြီး
“ငါတော့ ငါတို့ပြောသင့်တာတွေ ပြောပြီးပြီးလို့ ထင်တာပဲ၊ ဆိုတော့ ငါ အောက်ထပ်မှာ အားယန်နဲ့ သွားဆော့လိုက်အုံးမယ်”

ရွယ်ယွိနှင့် ချီလင်းဟန်သည်လည်း တစ်ချိန်တည်းဆိုသလို ထရပ်လိုက်ကြသည်။

“သွားစို့”

ယဲအန့်နင်ကလည်း အနောက်မှ လိုက်လာ၏။

“ငါ့ကို စောင့်အုံး...”

ဒီတစ်ခါလည်း ချောင်းကျဲနှင့် ရှန်နျန်ပါပဲ

“…”

ချောင်းကျဲက သက်ပြင်းချကာ ရှန်နျန်အား အလေးအနက် ဆိုလိုက်သည်။

“ကိုယ့်ကိုယ်ကိုယ် စိတ်ပိုင်းဆိုင်ရာဖိအားတွေ အရမ်းမပေးပါနဲ့”

ရှန်နျန်မှာ တွေဝေလျက်သား

“ဟမ်?”

ချောင်းကျဲက ပြုံးကာ ရှန်နျန်၏နား,နားသို့ ကိုယ်ကို စောင်းလိုက်ပြီး

“ကိုယ်ဆိုလိုတာက မင်း အရွယ်ရောက်လာတဲ့အထိ စောင့်ပါ့မယ်လို့”

ယခင်ဘဝက ထိုနားလည်မှုလွဲခြင်းများကြောင့်သာ မဟုတ်ခဲ့လျှင် သူတို့တွေ ယခုအချိန်လောက်ဆို အလွန်ပျော်ရွှင်နေရလောက်မည်ပင်။

နွေးထွေးသော ထွက်သက်ဝင်သက်လေးက သူ(မ)၏ဆံဖျားထိပ်ထက် ထွေးပွေ့သွားပြီး ရှန်နျန်မှာ ရုတ်တရက် တုန်ယင်လာ၏။ သူ(မ)သည် ရှားပါးလှစွာဖြင့် ရှက်သွေးဖြာလာပြီး တစ်ဖက်သို့ လှည့်ကာ ပြေးထွက်သွားတော့သည်။

ချောင်းကျဲတစ်ယောက် ကူကယ်ရာမဲ့စွာ ပြုံးပြီး မိနစ်အနည်းငယ် ကြာပြီးနောက်မှ အောက်ထပ်သို့ဆင်းရန် ပြင်လိုက်၏။

နှစ်ဦးသား အောက်ထပ်သို့ ရောက်ချိန်တွင် ရွယ်ယန်က တစ်စုံတစ်ခုနှင့် ပတ်သက်ပြီး ရွယ်ယွိအား စိတ်လှုပ်ရှားစွာ ပြောပြနေသည်ကို တွေ့လိုက်ရသည်။ 

သူတို့ အနားသို့ ရောက်သွားချိန်တွင် ကလေးမလေး၏ စကားသံများကို ရှင်းလင်းစွာ ကြားရတော့သည်။

“အဲ့ဒီယုန်လေးကလေ ထီကျစ်ကိုတောင် သဘောမကျဘူးတဲ့လေ၊ သူက ထီကျစ်နဲ့တောင် တူတူမဆော့ချင်ဘူး! ထီကျစ်က ဒီလောက် ချစ်ဖို့ကောင်းတဲ့ဟာကို!”

ရှန်နျန်က အနည်းငယ် စူးစမ်းချင်သွား၏။

“ဘာယုန်လေးလဲ အားယန်”

ရွယ်ယန်က မျက်တောင်လေးခတ်ကာ မကျေမချမ်းဖြစ်စွာဖြင့် သူ(မ)၏ပုံပြင်အား နောက်တစ်ခေါက် ပြန်ပြောလေ၏။

ကလေးမလေး အထူးတလည် အသား‌ပေးပြောသည်မှာ -

“အားယန်ရဲ့ထီကျစ်က ချစ်ဖို့အကောင်းဆုံး! ယုန်လေးက စိတ်ပျက်ဖို့ အကောင်းဆုံး!”

ထီကျစ်သည်တော့ ပလွှားစွာဖြင့် : “အာဝု!”

ရွယ်ယွိမှာ ထီကျစ်၏မျက်နှာထက်မှ ဘဝင်ခိုက်နေမှုအား မြင်နိုင်လုနီးနီးဖြင့် သူ့နှုတ်ခမ်းထောင့်မှာ လှုပ်ခတ်သွားတော့သည်။

“အားယန် ယုန်လေးက ထီကျစ်က ကြောက်မှာပေါ့လို့၊ ထီကျစ်က ဝံပုလွေလေ!”

ယုန်တစ်ကောင်က ဝံပုလွေနဲ့ ဘယ်လိုလုပ်ပြီး ကစားမှာတဲ့လဲ! နတ်သမီးပုံပြင်မှ မဟုတ်တာ?

ရွယ်ယန်သည်တော့ ထိုအကြောင်းပြချက်အား လက်မခံချေ။

“ဒါပေမယ့် ထီကျစ်က ဘယ်သူ့ကိုမှ မကိုက်ဖူးလေ ယုန်လေးကိုလည်း ကိုက်မှာမဟုတ်ဘူး၊ သူက ဒီလောက် လိမ္မာတဲ့ဟာကို!”

ယဲအန့်နင်က အပြည့်အဝ သဘောတူပေး၏။

“မှန်တယ်!”

ဘာကြီးပဲဖြစ်နေဖြစ်နေ ကလေးမလေးကို သဘောတူလိုက်တာက အမှန်ကန်ဆုံးပဲ!

လျို့မန်တစ်ယောက် ရယ်ချင်စိတ်ကို ထိန်းချုပ်ပြီး ထမင်းစားခန်းဆီ ပြန်ပြေးသွားတော့သည်။

ထီကျစ်ကသာ အကြီးကျယ်ဆုံးသော အောင်နိုင်သူ ဖြစ်လာသည်! ကလေးလေး ရွယ်ယန်ရဲ့ အချစ်တွေအကုန် အလိုလိုက်မှုတွေအကုန် အောင်မြင်စွာ ဆွတ်ခူးနိုင်သွားတာ!

ဘေးတွင် ကြည့်နေသည့် ချီလင်းဟန်မှာ သွားများ ယားယံလာတော့သည်။

ရှန်နျန်က ခေါင်းလေးစောင်းကာ အချိန်အတန်ကြာ စိုက်ကြည့်နေပြီးမှ ယဲအန့်နင်ကို တီးတိုးပြောလိုက်သည်။

“ထီကျစ်က အရမ်း မူရာမာယာပိုလွန်းတယ်လို့ မထင်ဘူးလား”

ဒီနံဆော်နေတဲ့ ဝံပုလွေပေါက်စ!

ယဲအန့်နင်က အလေးအနက် သဘောတူလာ၏။

“တကယ့်ကို မာယာများလွန်းတာ၊ အားယန်ကသာ အရူးလုပ်ဖို့ လွယ်တယ်လို့ ငါတော့ ထင်တာပဲ”

ထီကျစ်က သူတို့ရှိရာဆီသို့ အမူအရာမဲ့စွာ လှမ်းကြည့်လိုက်ပြီးနောက် သူတို့အရှေ့ရှိ ရွယ်ယန်၏ခြေသလုံးအား ပြောင်ဘွင်းဘွင်း တိုးဝှေ့ပွတ်သပ်ပြလေ၏။

တစ်ယောက်သော အရူးလေးသည်တော့ ထီကျစ်၏မာယာများကို လုံးလုံး မရိပ်စားမိချေ။ သူ(မ)က သူ တကယ် ဝမ်းနည်းနေသည်ဟုသာ တွေးထင်နေ၏။ ကလေးမလေးက ထီကျစ်၏ခေါင်းကို ပွတ်သပ်‌ပေးလိုက်သည်။

“ဝမ်းနည်းမနေနဲ့တော့နော် ထီကျစ် ငါ နင့်အတွက် အရသာရှိတာ သွားယူပေးမယ်”

ထိုသို့ ပြောပြီးနောက် သူ(မ)က ထမင်းစားခန်းသို့ ပြေးဝင်သွား၏။ ရွယ်ယန် ထမင်းစားခန်းထဲသို့ ဝင်သွားသည်ကို မြင်သည့်အခါတွင်မှ ရွယ်ကျစ်တစ်ယောက် အေးစက်စွာ နှာမှုတ်လာ၏။

“ဝံပုလွေစုတ်!”

ထီကျစ် ရွယ်ကျစ်အား မျက်လုံးလှိမ့်ပြလိုက်သည်။

ရွယ်ကျစ် မျက်မှောင်ကြုတ်ကာ အနည်းငယ် ကွန်ပလိန်းတက်ရန် ကြံရွယ်လိုက်သော်လည်း ရွယ်ယန်က အိတ်သေးလေးတစ်လုံးအား ကိုင်ကာ ပြေးထွက်လာ၏။

“ကိုကို ဖယ်ပေးအုံး!”

လမ်းကို ပိတ်ထားမိသော ရွယ်ကျစ် : “..."
ညီမလေး နင် အရမ်း လွန်သွားပြီ!

ရွယ်ယန်က ထီကျစ်အတွက် အအေးခံ ကြက်သားခြောက်ထုပ်ကိုဖွင့်လိုက်ပြီး ထီကျစ်ကို ကျွေးရန်အတွက် သူမ၏လက်လေးဖြင့် တစ်ပိုင်းကို ဖဲ့လိုက်သည်။

ချောင်းကျဲက သူ(မ)လက်ကို လှမ်းတားလိုက်သည်။

“အားယန် ထီကျစ်ကို လက်နဲ့မခွံကျွေးနဲ့လေ”

ရွယ်ယန်က ခေါင်းရှုပ်စွာဖြင့် လှည့်ကြည့်လာ၏။

“ဘာဖြစ်လို့လဲ ကော၊ ထီကျစ်က မကိုက်တတ်ပါဘူး”

ချောင်းကျဲက မျက်မှောင်ကြုတ်လိုက်ပြီး

“ထီကျစ်ရဲ့သွားတွေက အရမ်းထက်နေတာ၊ အားယန်သာ မတော်တဆ ထိမိသွားရင် လက်မှာ ဒဏ်ရာရလာလိမ့်မယ်လေ”

ထီကျစ်လည်း ဒါကို တွေးမိသည့်အတွက် ရွယ်ယန် အစာကျွေးရန် ကြိုးစားချိန်တိုင်း သူ့ပါးစပ်ကိုပင် ဖွင့်မပေးခဲ့ခြင်းပေ။ သူက ကလေးမလေး၏ လက်ကို ပွတ်သပ်လိုက်ပြီး အေးခဲထားသော ကြက်သားအခြောက်ကို အောက်သို့ ချပေးရန် အချက်ပြလိုက်သည်။

ရွယ်ယန်မှာ မျက်မှောင်ကြုတ်ကာ မကြည်ဖြူစွာနှင့် ပန်းကန်တစ်ချပ်ယူကာ ကြမ်းပေါ် ချပေးလိုက်ပြီးနောက် အစာကို ပန်းကန်ထဲ ထည့်ပေးလိုက်သည်။

ကလေးမလေးက ဝံပုလွေငယ်၏ခေါင်းကို နှစ်လိုစွာ ပုတ်ပေးလိုက်သည်။

“စားတော့လေ ထီကျစ်!”

ထီကျစ်ရှေ့တွင် ဆောင့်ကြောင့်ထိုင်ရင်း သူ ဖြည်းဖြည်းချင်း စားနေသည်အား ကြည့်ကာ ကလေးမလေးမှာ သူ(မ)သည်လည်း အနည်းငယ် ဗိုက်ဆာလာသည်ကို ခံစားလိုက်ရသည်။

ကလေးမလေးက သူ(မ)၏အကို၊ အမများကို ခိုးကြည့်လိုက်ပြီး သူတို့ သူ(မ)အား ဂရုစိုက်မနေသည်ကို တွေ့လိုက်ရသည်။

သို့နှင့် သူ(မ)က အိတ်ထဲရှိ ကျန်နေသေးသော အေးခဲကြက်သားခြောက်ကို တိတ်တိတ်ကလေး ရွေ့လျားလိုက်သည်။

“အာဝု!”

ထီကျစ်မှာ ရွယ်ယန် သူ(မ)ပါးစပ်ထဲသို့ အေးခဲကြက်သားခြောက်ကို ထိုးထည့်လိုက်သည်အား ကြည့်ပြီး ထိတ်လန့်သွားကာ အရေးပေါ် ထဟောင်တော့သည်။

ရွယ်ယွိနှင့် အခြားသူများမှာ ကလေးမလေးအား စိတ်ရှုပ်ထွေးစွာ လှည့်ကြည့်လိုက်ရာ သူ(မ) တစ်ခုခုစားနေပုံပေါ်သည်ကို ရုတ်တရက် တွေ့လိုက်ရသည်။

ယဲအန့်နင်က ရွယ်ယန်ဆီသို့ တည့်တည့်တည့်လျှောက်သွားလိုက်ပြီး သူ(မ)၏ပါးများကို ညှစ်ရင်း မျက်မှောင်ကြုတ်ထားလိုက်သည်။

“အားယန်! ဘာတွေစားထားတာလဲ!”

ပါးကို အညှစ်ခံထားရကာ ကလေးမလေးမှာ မရှင်းမလင်း စကားပြောနေရ၏။

“ကျဲ...”

ယဲအန့်နင် အေးစက်စွာ ဆိုလိုက်သည်။

“ထွေးထုတ်!”

ပြန်လည်မွေးဖွားလာပြီးနောက်မှာ မှတ်ဉာဏ်ဆုံးရှုံးသွားတဲ့ ဗီလိန်မလေးTempat cerita menjadi hidup. Temukan sekarang