Chapter 103

287 23 0
                                    

အပိုင်း ၁၀၃

ရွယ်ယန်က ဂုဏ်ယူနေလေ၏။ "ဟုတ်တယ်။ အရမ်း ကြည့်လို့လှတယ်!"

ကျိုးယွိယွမ်က သူမဆီမှ အဝတ်အစားကို လုယူလိုက်သည်။ "ဘယ်နားက ကြည့်ကောင်းတာလဲ!" ဂုဏ်သရေရှိကာ ကြော့ရှင်းသော အမျိုးသမီးကြီးက နောက်ဆုံးမတတ်သာဘဲ ဆဲဆိုမိတော့သည်။ "ဒါကို မဝတ်နဲ့။ ဖွားဖွားက အခုချက်ချင်း လွှင့်ပစ်လိုက်မယ်"

အမျိုးသမီးက ပြဿနာရှာသောအခါ သခင်ကြီးရွယ်မှာ စကားတစ်ခွန်း မပြောရဲဘဲ သူ့နှာခေါင်းကိုပွတ်ရင်း ခြေလှမ်းနှစ်လှမ်း ဆုတ်သွားသည်။

သို့သော် ကလေးဆိုးကလေးက ရဲတင်းလာပြီး ထိုဝတ်စုံကိုဝတ်ရန် တောင်းဆိုကာ ‌ခုန်ပေါက်နေတော့သည်။ "မရဘူး မရဘူး! အားယန် ဒါကို ဝတ်ချင်တယ်!"

ကျိုးယွိယွမ်က ပထမဆုံးအကြိမ် သူမ၏အဖိုးတန် ကလေးဆိုးလေးကို အရှုံးမပေးခဲ့ချေ။ "မရဘူး။ သမီးဒါကို မဝတ်ရဘူး!"

ရွယ်ယန်က ပြန်မလုယူနိုင်သောကြောင့် အလွယ်တကူ စိတ်ကောက်ပစ်လိုက်သည်။

ကလေးဆိုးလေးက ကော်ဇောပေါ်လှဲကာ စတင် လှိမ့်ပတ်ပြီး ငိုကြွေးနေလေ၏။ "မရဘူး မရဘူး! သမီး ဒါကိုဝတ်ချင်တယ်!"

ကျိုးယွိယွမ် : "..."

ဒီဆိုးလိုက်တဲ့ကလေး!

သူမက ခေါင်း အနည်းငယ် ကိုက်သွားသည်။ "ဟုတ်ပြီ ဟုတ်ပြီ ဝတ်ပစ်! ကြမ်းပြင်ပေါ်တော့ မလူးလိမ့်နဲ့။ မြန်မြန်ပြန်ထ"

ရွယ်ယန်က ကြမ်းပြင်ပေါ်လှဲကာ တိတ်တဆိတ်မော့ကြည့်ပြီးနောက် ပြန်လှိမ့်လာကာ သူမ၏လက်မောင်းများကို နာခံစွာ ဆုပ်ကိုင်လိုက်သည်။ "ဖွားဖွား၊ အဝတ်အစားလဲပေး"

ကျိုးယွိယွမ်က အသက်ပြင်းပြင်း ရှူပစ်လိုက်သည်။ "ဟုတ်ပြီ"

သူမသည် ကလေးဆိုးလေးအား လေးလံကာ တရုတ်စတိုင် ရောင်စုံဝတ်ရုံကို လဲပေးလိုက်သောကြောင့် မောပန်းနေပုံပေါ်၏။

ရွယ်ကျန့်ရှုန်သည် သူ၏မျက်နှာပေါ် အသိအမှတ်ပြုသော အပြုံးပြုံးကာ ယဲအန့်နင်နှင့် ရွယ်ယွိတို့က ကလေးဆိုးလေးအား လျို့ဟွားမြင်လျှင် မည်သည့်အမူအရာ ဖြစ်သွားလိမ့်မည်ကို စိတ်ကူးယဉ်နေပြီးဖြစ်သည်။

ပြန်လည်မွေးဖွားလာပြီးနောက်မှာ မှတ်ဉာဏ်ဆုံးရှုံးသွားတဲ့ ဗီလိန်မလေးМесто, где живут истории. Откройте их для себя